အခန်း (၈၃) လက်စားချေမည့် အစီအစဉ်

300 14 0
                                    

ပိန်းပိတ်ပျောက်အောင် မှောင်နေသော သစ်တောအတွင်းဝယ် လူတစ်ယောက်သည် ဒဏ်ရာပရပွဖြင့် သစ်တောအတွင်း ဖြတ်သန်း ပြေးလွှားနေ​၏။ ရဲ့ချန်သာ ဤနေရာတွင်ရှိလျှင် ထိုလူအား မုချ မှတ်မိပေလိမ့်မယ်။ ထိုလူသည် ရဲ့ချန်​၏လက်က ထွက်ပြေးလာသော သုယောင်ပင် ဖြစ်​၏။ ထွက်ပြေးလာပြီးနောက် သုယောင်က ဖြစ်သမျှအလုံးစုံကို ဂိုဏ်အား တင်ပြရန်အတွက် ချက်ချင်း ပြန်လာခဲ့ခြင်းပင် ဖြစ်သည်။

" ဟူး... ငါ ဒီကိစ္စတွေကို ဆရာ့ကို မြန်မြန်ပြောပြမှ ဖြစ်မယ်၊ ဦလေးခွန်ကို ကယ်နိုင်တာဆိုလို့ ဆရာပဲရှိတယ် " သုယောင်ရောက်နေသောနေရာက ဂိုဏ်းနှင့် သိပ်မဝေးတော့ပေ။

အချိန်တချို့ကုန်ဆုံးပြီးသော် သုယောင်က ဂိုဏ်းပေါက်ဝသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထိုနေရာတွင် တံခါးစောင့် ဂိုဏ်းသားနှစ်ဦးက ရပ်နေသည်။

" ခင်ဗျားရဲ့ သက်သေခံကဒ်ပြားကို ထုတ်လိုက်ပါ " အစောင့်တစ်ယော်က သုယောင်အား အဖွဲ့ဝင်ကဒ်ပြားထုတ်ပေးရန် ပြောလိုက်သည်။

သုယောင်ကလည်း သူ​၏အဖွဲ့ကဒ်ကို ချက်ချင်း ထုတ်ပေးလိုက်တော့သည်။ အစောင့်တစ်ယောက်က သုယောင်ကမ်းပေးသော ကဒ်ပြားကို စစ်ဆေးလိုက်သည်။

" အိုး... အကိုသုယောင် ပြန်လာပြီလား၊ ခင်ဗျားရဲ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေပရပွနဲ့ ဘာဖြစ်လာတာလဲ၊ တစ်ယောက်ယောက်က ချလွှတ်လိုက်တာလား " အစောင့်နှစ်ယောက်ထဲက တစ်ယောက်က မေးလိုက်သည်။

" ဒီဇာတ်လမ်းက နည်းနည်းတော့ရှည်တယ်၊ ဒီကိစ္စကို ဆရာ့ကို ပြောပြမှဖြစ်မယ်၊ ဆရာဘယ်မှာလဲ မင်းတို့သိလား " သုယောင်က သူ​၏ဆရာရှိသောနေရာကို အလျင်စလို မေးလိုက်တော့သည်။

" အကြီးအကဲဂွန်က လောလောဆယ် အစည်းအဝေးခန်းမထဲမှာ၊ ကျုပ် ခင်ဗျားကို လိုက်ပို့ပေးမယ် "

သုယောင်က သူလိုအပ်သော အဖြေကို ရရချင်း အစည်းအဝေးခန်းမသို့ ချက်ချင်း ထွက်ခွာသွားတော့သည်။ သုယောင်တစ်ယောက် ထိုနေရာသို့ ရောက်သောအခါ သူ​၏ဆရာ သုဂွန်တစ်ယောက်တည်းကိုသာ တွေ့ရသည်မဟုတ်ဘဲ ပထမအကြီးအကဲ သုနာရူ ပါအခန်းထဲတွင်ရှိနေကြောင်း တွေ့လိုက်ရသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now