အခန်း (၉၄) သူက ဖန်းရွယ် အစစ်လား

263 17 0
                                    

" ရဲ့ချန်... ကြည့်လိုက်... ကြည့်လိုက် သူမ ဒီကို လာနေပြီ " မိန်းမချောလေးနှစ်ယောက် အခန်းထဲသို့ ဝင်လာသောအခါ ချောင်ယမ်ယမ်တစ်ယောက် အလွန်တရာ စိတ်လှုပ်ရှားသွားလေသည်။

ရဲ့ချန်သည် ဆက်ဆီကျပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက် လှမ်းဝင်လာသည်ကို မြင်လိုက်ရ​၏။ " ဪ... သူမက ဖန်းရွှယ်လား "

ရုတ်ကရက် ရဲ့ချန်သည် ဖန်းရွှယ်အစစ်​၏နောက်တွင် ဖန်းရွှယ်အတုကလည်း လိုက်ပါလာကြောင်း မြင်လိုက်ရ​၏။ ထိုမိန်းကလေး​၏တည်ရှိမှုကို ရဲ့ချန် အလွန်တရာ သိချင်စိတ် ပေါက်သွားသည်။

" ယမ်ယမ်... နင် အဲ့ဒီ့မိန်းကလေးကို သိလား " ရဲ့ချန်က ဖန်းရွှယ်ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

" အမ်... ငါ မသိဘဲ နေပါ့မလား၊ သူက ဖန်းရွှယ်ပဲ ဥစ္စာ " ချောင်ယမ်ယမ်က ပြောလိုက်သည်။

" ဘာ... " သူ ကူညီခဲ့သော မိန်းကလေးက ဖန်းရွှယ်အစစ် ဖြစ်နေမည်ဟု ရဲ့ချန်တစ်ယောက် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။ ရဲ့ချန်က ထိုမိန်းကလေးကို ဖန်းရွှယ်အတုဟုသာ ထင်နေခဲ့သည် မဟုတ်ပါလား။

" ဒီတော့... နင် ဖန်းရွှယ်ကို စိတ်မဝင်စားဘူးလား၊ နင်သာ သူ့ကို ကြိုက်တယ်ဆိုရင် နင့်မိန်းမလုပ်ဖို့ ငါ ခွင့်ပြုပေးမယ်၊ ဒါပေမဲ့... နင် ဖန်းရွှယ်ကို သိမ်းပိုက်နိုင်ဖို့ နင့်အရည်အချင်း အပေါ်မှာသာ မှီခိုရမယ်... ဟီဟီဟီ " ချောင်ယမ်ယမ်က ရယ်ရယ်မောမောနှင့် ပြောလိုက်တော့သည်။

" သူ့ကို ငါ သိမ်းပိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးဟာ၊ ငါတို့ အစောကပဲ တွေ့ပြီးပြီလေ " ရဲ့ချန်​က အကူညီ ကင်းမဲ့စွာ ပြောလိုက်တော့သည်။

" နင့်ကိုယ်နင် မယုံကြည်ဘူးလား၊ နင်သာ ကြိုးစားမယ်ဆိုရင် ဖန်းရွှယ်ကို သေချာပေါက် သိမ်းပိုက်နိုင်မှာပါ " ချောင်ယမ်ယမ်က ရဲ့ချန်ကို ကြိုးစားကြည့်ရန် တိုက်တွန်းသည်။

" ကောင်းပြီလေ... ငါ ကြိုးစားကြည့်လိုက်မယ် " ရဲ့ချန်က ထိုကိစ္စနှင့် ပတ်သတ်ပြီး အမှန်တကယ် စိတ်ကူးမရှိပေ။ ထို့အပြင် ဖန်းရွှယ်က သူမကို ဖန်းရွှယ်အတုဟု ခေါ်သည့်အတွက် သူ့ကို စိတ်ဆိုးနေသည် မဟုတ်ပါလား။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now