အခန်း (၁၂၃) အားနည်းသော လော့ဘင်

235 10 0
                                    

လော့ဘင်သည် ပေါင်မန်​၏လက်သီးချက်ကို ချက်ချင်း ခုန်ရှောင်လိုက်သည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ချင်း ယှဉ်လျှင် သူမ မနိုင်ကြောင်း လော့ဘင် သိသည်။

" ဟဟဟ မိန်းမချောလေး၊ မင်း ဘယ်တွေကို ပတ်ပြေးနေတာလဲ၊ မင်းက ငါ့ရဲ့ကျွန် ဖြစ်မယ်ဆိုတာ ဇာတာပါလာပြီသား " ပေါင်မန်သည် လော့ဘင်ကို ငဲ့ညှာမှု မရှိဘဲ အဆက်မပြတ် တိုက်ခိုက်တော့​၏။

ပေါင်မန်က မြေကြီးနယ်ပယ် အဆင့် ၅ ကျင့်ကြံသူတစ်ဦး ဖြစ်​၏။ လောလောဆယ် လော့ဘင်က မြေကြီးနယ်ပယ် အဆင့် ၄ ကျင့်ကြံသူ တစ်ဦးသာ ဖြစ်​၏။ သူတို့နှစ်ဦးအကြားက အစွမ်းသည် အနည်းငယ် ကွာဟ နေသေး​၏။

ပေါင်မန်​၏လက်ဝါးသည် လော့ဘင်ဆီသို့ အလင်းတန်းတစ်ခုနှယ် တိုးဝင်သွား​၏။

" ရေခဲဒိုင်း ... " လော့ဘင်က ရေခဲဒိုင်းတစ်ခုကိ ဖန်တီးပြီး ပေါင်မန်​၏တိုက်ခိုက်မှုကို ချက်ချင်း ခုခံလိုက်သည်။

" ဖောင်း ... ဖောင်း ... ဖောင်း ... ဖောင်း ... "

ပေါင်မန်​၏လျှပ်စီးအလင်းများသည် လော့ဘင်​၏ရေခဲဒိုင်းကို အကြိမ်များစွာ ရိုက်ခတ်မိသောကြောင့် ပေါက်ကွဲသံများ ပွက်လောရိုက်သွားသည်။

ထိုပေါက်ကွဲချက်များကြောင့် လော့ဘင်​၏ရေခဲဒိုင်းက စတင် ကွဲအက်လာပြီ ဖြစ်သည်။ " ခရက် ... ခရက် ... ခရက် ... ခရက် ... " ဒိုင်းကာကို ဆက်လက် ထိန်းမထားနိုင်တော့မှန်း သိ၍ လော့ဘင်သည် နောက်သို့ ဆုတ်လိုက်ရတော့​၏။

" ဘမ်း ... " လော့ဘင်​၏ရေခဲဒိုင်းက လုံးဝ ကွဲကြေသွားပြီ ဖြစ်သည်။

" ဟီဟီဟီ အစောက မင်းရဲ့မာနတွေ ဘယ်ရောက်သွားပြီလဲ " ပေါင်မန်က လော့ဘင်ကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

လော့ဘင်က ပေါင်မန့်ကို အေးစက်စက် အကြည့်တစ်ခုဖြင့် စိုက်ကြည့်နေသည်။ အခန်းတွင်း အပူရှိန်က ရုတ်တရက် ကျဆင်းသွားသည်။ အခန်းထဲက သံကြိုးဖြင့် တုပ်နှောင်ခံထားရသော မိန်းကလေးများသည်လည်း အပူရှိန် ရုတ်တရက် ကျဆင်းမှုကြောင့် ခိုက်ခိုက်တုန် သွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now