အခန်း (၁၄၀) လီချင်းကျူ၏ အမေ

277 18 0
                                    

" ချင်းကျူ ညည်း အိမ်ထဲမှာလား " တံခါးအပြင်ဘက်က အမျိုးသမီးတစ်ဦးက လှမ်းမေးလိုက်သည်။

ထို့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက အိမ်ထဲဝင်လာသည်။ ထိုအမျိုးသမီး​၏အသက်က အနည်းဆုံး ၄၀၊ ၄၁ နှစ်ခန့် ရှိပြီး ခေါင်းပေါ်က ဆံပင်အချို့ပင် အဖြူရောင်အဖြစ်သို့ စတင် ပြောင်းလဲနေပြီ ဖြစ်သည်။

" အမေ ပြန်လာပြီလား " လီချင်းကျူက ချက်ချင်း မတ်တပ်ရပ်ပြီး ပြန်လာသော အမေကို ကြိုဆိုလိုက်​၏။

လီချင်းကျူ​၏မိခင် နာမည်က ရှုမိန် ဖြစ်သည်။ သူမသည် အနီးအနားက စက်ရုံတစ်ခုတွင် အလုပ်လုပ်​၏။ သူမ​၏လစာက တစ်လလျှင် ဒေါ်လာ ၁၀၀၀ မျှသာ ရရှိ​၏။ ယင်းလစာသည် သူမ နှင့် သမီးဖြစ်သူတို့အတွက် တစ်လစာ စားလောက်ရုံမျှသာ လုံလောက်​၏။

ထို့ကြောင့် ဤသားအမိနှစ်ယောက်က ကျိဟောင်​၏အကြွေးများကို ပြန်ဆပ်ရန် ခက်ခဲနေရခြင်း ဖြစ်သည်။

" ချင်းကျူ ညည်း ဒီနေ့ အလုပ်မသွားဘူးလား၊ ဘာဖြစ်လို့ အိမ်ကို အစောကြီး ပြန်ရောက်နေတာလဲ " လီချင်းကျူက ပုံမှန်ထက် စောလျှင်စွာ ပြန်ရောက်လာသောကြောင့် ရှုမိန်က မေးလိုက်သည်။

" အမေ ဒီနေ့ ကျိဟောင်က သူ့ရဲ့အကြွေးတွေ ပြန်ဆပ်ခိုင်းဖို့ သမီးဆီ ရောက်လာတယ်၊ အဲဒါကြောင့် သမီ အစောကြီး ပြန်လာတာ " လီချင်ကျူက ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ရှင်းပြလိုက်သည်။

" သမီး အဆင်ပြေရဲ့လား " ရှုမိန်က သမီးဖြစ်သူ​၏အခြေအနေကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

" ဟင့်အင်း သမီး အဆင်ပြေပါတယ် " လီချင်းကျူ သူမ​၏မိခင်ကို စိုးရိမ်မှု မရှိစေရန် အလျင်အမြန် ဖြေပေးလိုက်ရသည်။

" ဟင် ချင်းကျူ၊ ဒီကောင်လေးက ဘယ်သူလဲ " သူမ​၏အိမ်ထဲတွင် ယောက်ျားလေးတစ်ယောက် ရောက်နေသည်ကို ကြည့်ရင်း ရှုမိန်​၏လေသံက အနည်းငယ် သဘောမကျ ဖြစ်သွားသည်။ ထိုလူငယ်လေးက ချောတော့ အတော်ချောသည်။ ထို့ကြောင့် ရှုမိန်အတွက် ထိုလူငယ်လေး နှင့် သမီးဖြစ်သူတို့​၏ ဆက်ဆံရေးက မည်သို့ရှိမှန်း မေးမြန်းရန် လိုလာပြီ ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now