အခန်း (၁၆၇) အပြာရောင် လနတ်ဘုရား သိုင်းကွက်၏စွမ်းပကား

212 11 0
                                    

“ ကောင်းပြီ၊ ယွဲ့ ဒီလို အဆိပ်ဂိုဏ်းက လူမျိုးတွေကို ဘာမှ ကြင်နာသနားနေစရာ မလိုဘူး၊ သူတို့အကုန်လုံးက အရမ်းယုတ်မာတဲ့ လူတွေချည်းပဲ၊ နင် နည်းနည်းလေး သတိလစ်လိုက်တာနဲ့ နင့်ကိုတိုက်ခိုက်နိုင်မယ့် အဆိပ်အမျိုးမျိုးက သူတို့ခန္ဓာကိုယ်ထဲမှာ အပြည့် “ ရဲ့ချန်က လျှို့ယွဲ့ကို အဆိပ်ဂိုဏ်းက ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင် အထူးသတိရှိရန် မှာကြားလိုက်သည်။
ရဲ့ချန်က သန်မာသော ကျင့်ကြံသူများကို တာ၀န်ယူမည် ဖြစ်သည်။ လျှို့ယွဲ့က လတ်တလော သူမ၏ကျင့်ကြံမှု အခြေခံဖြင့် ယှဉ်နိုင်မည့် ကျင့်ကြံသူများကို တာ၀န်ယူမည် ဖြစ်သည်။
လျှို့ယွဲ့က သိုလှောင်လက်စွပ်ထဲမှ အပြာရောင် ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုဓားသည် ဖူလန်လင်းက သူမအတွက် လက်ဆောင်ပေးထားခြင်း ဖြစ်၏။ ထိုဓား၏နာမည်က ကျောက်စိမ်းပြာ ဖြစ်သည်။ ထိုဓားသည် အလွန်တရာ တောက်ပသည်သာမက ထက်လည်း ထက်ရှလှပေသည်။
“ ယွဲ့ နင် ဒီဓားကို ဘယ်ကရလာတာလဲ “ ရဲ့ချန်သည် လျှို့ယွဲ့က ဤမျှကောင်းမွန်သော မည်သည့်နေရာက ရလာမှန်း မသိ၍ မေးမြန်းလိုက်သည်။
“ ဒါက မမလန်လင်း ပေးထားတာ၊ သူက ဒီဓားက ငါအသုံးပြုဖို့ သင်တော်တယ်တဲ့ “လျှို့ယွဲ့ကလည်း ဖူလန်လင်း ပေးခဲ့သော ဤဓားကို အတော်လေး နှစ်သက်လှပေသည်။ ယင်းက အလွန်တရာ တောက်ပနေသည့်အပြင် အသုံးပြုရန်လည်း လွယ်ကူသည် မဟုတ်ပါလား။
ထိုဓားက ဖူလန်လင်း ပေးခဲ့သော ဓားဖြစ်သည်။ ထို့ကြောင့် အရည်အသွေးက သံသယ ဖြစ်နေစရာ မလိုတော့ပေ။
“ သွားကြစို့ “ ရဲ့ချန်က လျှို့ယွဲ့ကို အဆပ်ဂိုဏ်းဆီသို့ သွားရန် ခေါ်လိုက်တော့သည်။
ထို့နောက် သူတို့နှစ်ယောက်သည် အဆိပ်ဂိုဏ်း၏ဂိတ်ပေါက်၀သို့ ရောက်ရှိလာကြသည်။  အပေါက်စောင့် နှစ်ယောက်သည်လည်း ရဲ့ချန်တို့ ရောက်လာသည်ကို မြင်ပြီး ချက်ချင်း အသင့်အနေအထားကို ပြင်ဆင်ထားလိုက်သည်။
သို့သော် အစောင့်နှစ်ယောက်သည် လျှို့ယွဲ့၏အလှကို မြင်လိုက်ရသောအခါ ချက်ချင်း ငမ်းငမ်းတက် ဖြစ်သွားကြလေသည်။ သူတို့နှစ်ယောက်သည် ဤမျှလောက် လှပသော မိန်းကလေးတစ်ယောက်ကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
အဆိပ်ဂိုဏ်းသည် အနက်ရောင်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ထို့ကြောင့် ဤဂိုဏ်းက သူတို့၏ရာဂကို ဖြည့်ဆည်းရန်အတွက် ကျေးလက်ဒေသက အမျိုးသမီး သို့မဟုတ် မိန်းကလေးများကို အမြဲတမ်းလိုလို ပြန်ပေးဆွဲခဲ့ဖူး၏။
ယခုလည်း အလွန်တရာ လှပသော မိန်းကလေးတစ်ယောက်ဖြစ်သော လျှို့ယွဲ့ကို မြင်ပြီး စိတ်လှုပ်ရှားနေကြသည်။
လျှို့ယွဲ့သည် အဆိပ်ဂိုဏ်း၏ တံခါးစောင့်နှစ်ယောက်က သူမကို ရမ္မက်ခိုးဝေနေသော အကြည့်များဖြင့် စိုက်ကြည့်နေကြောင်း မြင်လိုက်ရ၏။ ထိုလူနှစ်ယောက်က သူမကို ဤကဲ့သို့ စိုက်ကြည့်နေသောကြောင့် လျှို့ယွဲ့ ဘ၀င်မကျနိုင်အောင် ဖြစ်သွားလေသည်။
ရဲ့ချန်သည်လည်း ထိုလူနှစ်ယောက်က လျှို့ယွဲ့ကို မည်သို့ စိုက်ကြည့်နေမှန်း မြင်လိုက်ရ၏။ ထိုလူနှစ်ယောက်က သူ၏မိန်းမကိုများ ဤသို့ စိုက်ကြည့်ဝံ့သည်။ မည်မျှပင် ရဲတင်းလိုက်သနည်း။
ရဲ့ချန်က အရိပ်ကိုးခု ခြေလှမ်းကို အသုံးပြုပြီ်းနောက် ထိုလူနှစ်ယောက်၏နောက်တွင် ပြန်ပေါ်လာခဲ့သည်။ သူတို့က ရဲ့ချန်၏တိုက်ခိုက်မှုအတွက် အဆင်သင့် မဖြစ်သေးပေ။
“ ဘမ် … ဘမ် … “ ရဲ့ချန်က ထိုလူနှစ်ယောက်ကို ခပ်ပြင်းပြင်း ထိုးချလိုက်တော့သည်။
လောလောဆယ် တံခါးစောင့် ဂိုဏ်းသားနှစ်ယောက်က မြေပြင်ပေါ်တွင် မှောက်လဲကုန်ပြီ ဖြစ်သည်။ ဒဏ်ရာများကလည်း အလွန်တရာ ပြင်းထန်သောကြောင့် ပါးစပ်မှ သွေးများ တပွက်ပွက်အန်ပြီး သတိလစ်ကုန်ပြီ ဖြစ်၏။
“ အထဲထိ သွားရအောင် “ ထို့နောက် ရဲ့ချန် နှင့် လျှို့ယွဲ့တို့က အထဲသို့ ဆက်လျှောက်လာခဲ့ကြ၏။
ရဲ့ချန်က သူ၏ကာကွယ်ရေးအဆောင်ကို ဂိုဏ်းက အကာအကွယ်များထဲသို့ တပ်ဆင်လိုက်သောအခါ ထိုအကာအကွယ်များက စတင် ပျက်စီးလာကြသည်။
“ ဒီး … တီ … အီ … “ အကာအကွယ်များ ပျက်ဆီးသွားပြီးနောက် ဂိုဏ်း၏အချက်ပေးသံများက ကျယ်လောင်စွာ မည်ဟီးလာတော့သည်။
“ မင်းတို့ အကုန်လုံး ထွက်လာကြစမ်း “ ရဲ့ချန်က အော်ဟစ်လိုက်သည်။ ရဲ့ချန်၏အော်သံကြောင့် ဂိုဏ်းကြီးတစ်ခုလုံးပင် ပဲ့တင်ထပ်သွားလေသည်။
ရန်သူတိုက်ခိုက်နေပြီ ဖြစ်ကြောင်း အချက်ပြသံ ကြားကြားချင်း အဆိပ်ဂိုဏ်၏ဂိုဏ်းသားများသည် သူတို့၏ကျင်ကြံရာ နေရာသို့ ချက်ချင်း ထွက်လာကြတော့သည်။
ထိုအချန်တွင်  အဓိကခန်းမကြီးထဲတွင် သုဂွန်က သုနာရူနှင့်အတူ သူတို့၏အစီအစဉ်များကို ဆွေးနွေးနေပေသည်။
“ ဒုတိယညီလေး၊ မင်းဘာတွေ မစဉ်းစား မဆင်ခြင်ဘဲ လုပ်လာတာလဲကွ၊ ငါတို့မှာ ရန်သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဘာမှ မရှိဘူး၊ ဒီလိုဟာမျိုးတွေကို မင်းဘာကြောင့် လုပ်ပစ်လိုက်တာလဲ “ သုနာရူက သုဂွန်ကို ဆုံးဖြတ်ချက်တစ်ခုအား အလျင်အမြန် ချမှတ်လိုက်သောကြောင့် ကျိန်းမောင်းနေတော့သည်။ ထိုအချိန်တွင် ဂိုဏ်းက ရဲ့ချန်ဟု အမည်ရှိသော လူ၏အင်အားက မည်မျှအထိ ရှိမှန်း မသိသေးချေ။ သူတို့က အားကောင်းသော လူတစ်ယောက်ကိုသာ ပြဿနာ သွားရှာမိလျှင် ဤဂိုဏ်းက အပျက်အဆီးပုံကြီးတစ်ခု ဖြစ်သွားမည် မဟုတ်ပါလား။
“ ပထမအကိုကြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်နေစရာ မလိုပါဘူ၊ ကျုပ် တတိယညီလေးကို သတ်သွားတဲ့လူရဲ့ အချက်အလက်တွေကို ရှာတွေ့ခဲ့ပြီးပြီ၊ သူ့ရဲ့နောက်ခံက လုံး၀ သာမန်ဖြစ်တဲ့အပြင် သူကလည်း သာမန်လူတစ်ဦးပဲ၊ ကျုပ်ကတော့ သူက တတိယညီလေးကို ချောင်းမြောင်းလုပ်ကြံတဲ့ နည်းတစ်ခုခုကို သုံးပြီး သတ်သွားတယ်လို့ ထင်တယ် “ သူဂွန်က ရဲ့ချန်၏အချက်အလက်များ ပါ၀င်သော စာရွက်စာတမ်းကို ပစ်ပေးလိုက်၏။
သုနာရူက ထိုစာရွက် ဖမ်းယူပြီး စာပွဲပေါ် ဖြန်ခင်းလိုက်သည်။ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် သုနာရူသည် ထိုလူငယ်လေးက အလွန်တရာ သာမန်ဆန်သော လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း သိသွား၏။ ထိုလူငယ်လေးနှင့် ပတ်သက်ပြီး ထူးထူးခြားခြားည ဘာမျှ မရှိပေ။
သုခွန်ကို သတ်သည့်သူအား သုသောင်က မှားပြီး တွေးထင်နေသည်လော။ သုနာရူသည် သုခွန်ကို သတ်သည့်သူက ထို ဟုတ်မဟုတ် စတင် တွေးတောလာသည်။
ထ်ုလူနှစ်ယောက် ဆွေးနွေးနေစဉ်မှာပင် ဂိုဏ်း၏အချက်ပြ မည်သံများက ထွက်ပေါ်လာတော့သည်။
ရုတ်တရက် သုဂီန် နှင့် သုနာရူတို့က မတ်တပ်ထရပ်ပြီး အဓိက ခန်းမထဲမှ ထွက်လာကြသည်။ အပြင်ဘက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေမှန်း သူတိ်ု့လည်း သိလိုသည် မဟုတ်ပါလား။
သုဂွန် နှင့် သုနာရူတို့ အပြင်သို့ ရောက်လာသောအခါ ဂိုဏ်း၏တပည့်များက ဝိုင်းထားသော လူနှစ်ယောက်ကို သူတို့ မြင်လိုက်ကြရသည်။
သူတို့နှစ်ယောက်က ယောက်ျား နှင့် မိန်းမ စုံတွဲတစ်တွဲ ဖြစ်ပေသည်။ သုဂွန် နှင့် သုနာရူတို့အတွက် ထိုလူနှစ်ယောက်က ရင်းနှီးလှပေသည်။
တစ်ယောက်က ရဲ့ချန်ဖြစ်ပြီး အခြားတစ်ယောက်က လျှို့ယွဲ့ ဖြစ်ပေသည်။ သူတို့ကို လူဒါဇင်ခန့်က ဝိုင်းထားသော်လည်း ရဲ့ချန် နှင့် လျှို့ယွဲ့တို့၏ ပုံစံက အလွန်တရာ သက်သောင့်သက်သာ ရှိဟန် ပေါ်နေ၏။
သူတို့နှစ်ယောက်သည် ဂိုဏ်းထဲက လူကုန် ဤနေရာသို့ ရောက်လာမည်ကို စောင့်စားနေခြင်း ဖြစ်၏။ သို့မှသာ သူတို့ကို အလွယ်တကူ သုတ်သင်နိုင်မည် ဖြစ်၏။ ရဲ့ချန်က အဆိပ်ဂိုဏ်း၏ ၀င်လမ်း ထွက်လမ်းအားလုံးကို ပိတ်ထားပြီပြီ ဖြစ်၏။ ထို့ကြောင့် သူတို့က သူ နှင့် လျှို့ယွဲ့တို့ဖြင့် တိုက်ကို တိုက်ခိုက်ရတော့မည် ဖြစ်၏။
“ မင်းတို့က ဒီကို လာရဲတဲ့အထိတောင် အတော်လေး ရဲတင်းတာပဲ၊ အခု မင်းတို့က ခြင်္သေ့ဂူထဲကို ၀င်လာပြီဆိုတာ သိရော သိရဲ့လား … ဟဟဟ “ သုခွန်သည် ရဲ့ချန်တို့က ဂိုဏ်းထဲကို သူတို့၏သဘောအတိုင်း ၀င်လာသည်ကို ကြည့်ရင်း ရယ်မောနေတော့သည်။ ဤနည်းလမ်းသည် သူတို့က ရဲ့ချန်ကို အပင်ပန်းခံပြီး ရှာဖွေစရာ မလိုတော့သည့် နည်းလမ်း ဖြစ်ပေသည်။
“ မင်း ဒီကို ဘာလာလုပ်တာလဲ “ သုဂွန်က မနှစ်သက်သော လေသံဖြင့် ပြောလိုက်သည်။ သုနာရူသည်လည်း ရဲ့ချန်တို့ကို မြင်လိုက်သောအခါ ပိုမို သတိထားလာတော့သည်။ သူတို့သည် ရန်သူက သေးငယ်သော ပုရွက်ဆိတ်လေးဖြစ်ပါစေ ဘယ်သောအခါမှ လျော့တွက်လေ့မရှိပေ။
ရဲ့ချန်သည် အလွန်တရာ စိတ်ကြီး၀င်နေသော သုဂွန်၏ပုံစံကို ကြည့်ပြီး ကြိတ်ရယ်တော့သည်။ “ ကျုပ် ဒီကိုလာတာ တခြားရည်ရွယ်ချက် မရှိပါဘူး၊ ခင်ဗျားတို့ ဂိုဏ်းကို ဖျက်ဆီးချင်လို့ပါ “
ထိုစကားကို ကြားပြီးနောက် သုဂွန် နှင့် သုနာရူတို့ ဒေါသထွက်သွားသည်သာမက ဂိုဏ်းတပည့်များသည်လည်း အလွန်အကျွံ ဒေါသူပုန် ထသွားလေသည်။
“ မင်းတို့ကောင်တွေ ဘာရပ်လုပ်နေကြတာလဲ၊ အဲ့လူနှစ်ယောက်ကို မြန်မြန် သတ်စမ်း “ သုဂွန်က ရဲ့ချန် နှင့် လျှို့ယွဲ့တို့ကို ဝိုင်ထားသော ဂိုဏ်းတပည့်များကို အော်ဟစ် အမိန့်ပေးလိုက်တော့သည်။
ဂိုဏ်းတပည့်များက မည်သည့်အရာမျှ ပြန်မပြောဘဲ အဆိပ်မုတ္တာများ နှင့် အဆိပ်ငွေ့များကို ရဲ့ချန် နှင့် လျှို့ယွဲ့တို့ဆီ ပစ်လွှတ်လိုက်တော့သည်။
“ ယွဲ့ နင်က ဒီလူတွေအားလုံးကို တာ၀န်ယူလိုက်၊ သတိထားပါ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့ပါနဲ့ “ ရဲ့ချန်က လျှို့ယွဲ့ကို အဆိပ်ဂိုဏ်း၏တပည့်များကို ကိုင်တွယ်ရန် တာ၀န်ပေးလိုက်သည်။
လျှို့ယွဲ့က သူမ၏ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ထို့နောက် သူမက တစ်ဖက်ရန်သူအား မျက်စိပြာဝေသွားစေရန် အပြာရောင်လရိပ် ခြေလှမ်းကို အသုံးပြုလိုက်သည်။ သူမက အချိန်မဆိုင်းတော့ဘဲ ဂိုဏ်းတပည့်များ၏နောက်သို့ ချက်ချင်း အကွက်ရွေ့လိုက်သည်။
လျှို့ယွဲ့ လှုပ်ရှားပြီးနောက် သူမရပ်ခဲ့သော နေရာတွင် အရိပ်တစ်ခုက အစားထိုး ကျန်ရစ်ခဲ့သည်။ အဆိပ်ဂိုဏ်းများကတော့ နောက်ရောက်လာသော လျှို့ယွဲ့၏တိုက်ခိုက်မှုကို ခံလိုက်ရတော့သည်။
“ အား … အမလေးဗျ “ နာနာကျင်ကျင်ဖြင့် အော်လိုက်သော အသံများက ဖြာထွက်လာတော့သည်။ လျှို့ယွဲ့က အဆိပ်ဂိုဏ်းသားများကို နောက်ကနေ ဓားဖြင့် ဖြတ်ပိုင်းပစ်လိုက်သည် မဟုတ်ပါလား။
ဖြတ်ပိုင်းခံလိုက်ရသော ဂိုဏ်းသားများသည် လျှို့ယွဲ့က မည်သည့်အချိန်က နောက်တွင် ရောက်နေမှန်း မသိခဲ့ပေ။ ယခု သူတို့သည် အရိပ်များ၏ တိုက်ခိုက်ချက်များကိုသာ အာရုံစိုက်နေရတော့သည်။
“ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “ ဂိုဏ်းတပည့်အချို့သည် လျှို့ယွဲ့က သူတို့နောက်သို့ ရောက်လာသည်ကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ ထိုလူက သူတို့နောက်တွင် ရှိနေသည်ဆိုလျှင် သူတို့က မည်သို့ တိုက်ခိုက်၍ ရတော့မည်နည်း။
လျှို့ယွဲ့က မည်သည့်စကားမျှ ပြန်မပြောပေ။ သူမက အပြာရောင်လရိပ် ခြေလှမ်းကို အသုံးပြုပြီး အဆိပ်ဂိုဏ်းသားများကို ပြန်လည် တိုက်ခိုက်တော့သည်။
အဆိပ်ဂိုဏ်းသားများသည် လျှို့ယွဲ့၏သိုင်းကွက်လားရာ ဦးတည်ချက်ကို မမြင်နိုင်ကြပေ။ သူတို့သည် လျှို့ယွဲ့၏အရိပ်များဖြင့် တိုက်ချက်များကိုသာ အာရုံစိုက်နေရ၏။ သို့သော် မည်မျှပင် အာရုံစိုက်သည်ဖြစ်စေ လျှို့ယွဲ့၏ဓားချက်က သူတို့ဆီကျရောက်ပြီးမှသာ တိုက်ခိုက်ပြီးပြီ ဖြစ်ကြောင်း သိရသည်။
ရဲ့ချန်သည် လျှို့ယွဲ့၏အခြေအနေကို လှမ်းပြီး အကဲခတ်လိုက်သည်။ သူမက အပြာရောင် လနတ်ဘုရားသိုင်းကို အလွန်တရာ ကျွမ်းကျင်နေပြီဖြစ်ကြောင်း ရဲ့ချန် မြင်လိုက်ရ၏။
မြေကြီးနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိသော ဂိုဏ်းသားအချို့ပင် လျှို့ယွဲ့၏သိုင်းကွက်ကို မယှဉ်ပြိုင်နိုင်ပေ။
တစ်ခုဆိုးသည်ကား လျှို့ယွဲ့က ထိုလူများကို တိတိကျကျ မသတ်ဖြတ်ခြင်းပင် ဖြစ်၏။ သူမသာ ဆန္ဒရှိလျှင် အဆိပ်ဂိုဏ်းသားများ၏နှလုံးကို ထိုးသွင်းနိုင်ပေသည်။
သူတို့က လျှို့ယွဲ့ကို နိုင်ရန် အခွင့်အရေး မရှိတော့မှန်း သိသောကြောင့် အဆိပ်ဂိုဏ်းသားများသည် ဝေးရာသို့ ချက်ချင်း ထွက်ပြေးတော့သည်။
လျှို့ယွဲ့က ထိုလူများကို လွတ်မြောက်ရန် အခွင့်အရေး လုံး၀ မပေးနိုင်ပေ။ ထိုကြောင့် သူမက အဆိပ်ဂိုဏ်းသားများကို အဆက်မပြတ် လိုက်လံ တိုက်ခိုက်တော့သည်။
လျှို့ယွဲ့က သူ၏တပည့်များကို လိုက်လံ တိုက်ခိုက်နေသည်ကို မြင်ပြီး သုဂွန်တစ်ယောက် ဒေါသ အမျက်ခြောင်းခြောင်း ထွက်သွားလေတော့သည်။ ထို့ကြောင့် လျှို့ယွဲ့ဆီသို့ တိုက်ခိုက်ရန် ပြေး၀င်သွားတော့သည်။ “ နင်ကများ ငါ့တပည့်တွေကို လုပ်ရဲတယ် “
သုဂွန်၏လက်ဝါးက အနက်ရောင်သို့ ပြောင်းလဲသွားတော့သည်။ ထိုလက်ဝါးတွင် အလွန်တရာ အန္တရာယ်ရှိသော အဆိပ်တစ်မျိုး ပါရှိသည်။
“ ဘမ်း … “ ရဲ့ချန်က သုဂွန်၏ရှေ့သို့ ရောက်လာပြီး ထိုသိုင်းကွက်ကို လက်သီးတစ်ချက်ဖြင့် ဟန့်တားလိုက်သည်။ ရဲ့ချန်၏ထိုးချက်ကို ခံလိုက်ရသော သုဂွန်သည် ဆယ်မီတာ ကျော်ကျော်ခန့်အထိ ချက်ချင်း ဆုတ်ခွာလိုက်ရသည်။
“ ခင်ဗျား ကြား၀င် စွက်ဖက်စရာ မလိုဘူး၊ ခင်ဗျားရဲ့ ပြိုင်ဘက်က ကျုပ်ပဲ “ ရဲ့ချန်က ထိုလူနှစ်ယောက်ကို လျှို့ယွဲ့၏တိုက်ပွဲထဲသို့ ၀င်ရောက် စွက်ဖက်ခွင့် ပြုမည် မဟုတ်ပေ။
သုဂွန်က ရဲ့ချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏လက်ဝါးတစ်ခုလုံးကလည်း နာကျင်မှုကြောင့် တုန်ယင်နေတော့သည်။ သူသည်လည်း ရဲ့ချန်က ဤမျှလောက် သန်မာသည့်သူ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now