အခန်း (၈၀) ကုမ္ပဏီတစ်ခု တည်ထောင်ခြင်း

291 18 0
                                    

ရဲ့ချန်က သူ​၏စံအိမ်ကြီးဆီသို့ ပျံသန်းလာသည်။ ရောက်ရောက်ချင်း သူက အိမ်အတွင်းက မီးဖိုချောင်ထဲသို့ တန်းဝင်လာတော့သည်။

ထို့နောက် လျှို့ယွဲ့​၏တည်ရှိမှုကို ဝိညာဉ်အသိအား အသုံးပြုပြီး ရှာဖွေလိုက်သည်။

သူမက ရေချိုးခန်းထဲတွင် ရေချိုးနေဆဲသာ ရှိသေးသည်ကို တွေ့လိုက်ရသည်။

ရဲ့ချန်က အသီးအရွက်များနှင့် ကြက်သားများကို စတင် ခုတ်ထစ်လိုက်တော့သည်။ ထို့နောက် ခုတ်ထစ်ထားသော အသားနှင့် အသီးအရွက်များကို သန့်စင်အောင် ဆေးကြောလိုက်သည်။

ရဲ့ချန်က ကြက်သားချဉ်ငံစပ်တစ်ပွဲ ချက်ပြုတ်ရန် စီစဉ်နေခြင်းပင် ဖြစ်သည်။

ရဲ့ချန်က အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ရေများထည့်ကာ အပူပေးလိုက်တော့သည်။ ရေများပွက်ပွက်ဆူလာသောအခါ ပါဝင်ပစ္စည်းတချို့ကို ရေထဲသို့ ထည့်လိုက်သည်။ ထို့နောက် သန့်စင်ထားသော ကြက်သားကို ဟင်းခက်ပစ္စည်းများ ရောနှောထားသော ရေထဲသို့ ထည့်လိုက်သည်။

ဟင်းခက်အမွှေးအကြိုင်များကို ကြက်သားက စုပ်ယူပြီးသော် ရဲ့ချန်က ကြက်သားကို ရေထဲမှ ထုတ်ယူပြီး ဒယ်အိုးအပြားထဲသို့ ထည့်လိုက်ကာ စတင် မွှေလိုက်တော့သည်။ ထို့နော​က် ရဲ့ချန်က တခြားဟင်းပွဲအမျိုးမျိုးကိုလည်း ပြည့်ပြည့်စုံစုံဖြစ်စေရန် ချက်ပြုတ်လိုက်တော့သည်။

မိနစ်နှစ်ဆယ်ခန့်ကြာသော် စားပွဲပေါ်တွင် ရဲ့ချန် ချက်ပြုတ်ထားသော ဟင်းပွဲများဖြင့် ပြည့်နှက်သွားလေတော့သည်။

" ခုက လျှို့ယွဲ့ကို ခေါ်ရမယ့် အချိန်ကျပြီ " ရဲ့ချန်က လှေကားထစ်များအတိုင်း သူ​၏အခန်းဆီသို့ တက်သွားလိုက်သည်။

ရဲ့ချန်တစ်ယောက် အခန်းထဲသို့ ရောက်လာသောအခါ လျှို့ယွဲ့က မှန်ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ာသည်။ လျှို့ယွဲ့က သူမ​၏အသားအရည်များကို လက်ဖြင့် ပွတ်သပ်နေလေသည်။

ရဲ့ချန်က သူမဆီသို့ လျှောက်သွားပြီး အနောက်ကနေ ပွေ့ဖက်လိုက်တော့သည်။ လျှို့ယွဲ့က ရုတ်တရက် ရဲ့ချန်က သူမနောက်သို့ ရောက်လာသောကြောင့် အံ့အားသင့်သွားသည်။ " မိန်းမ... နင် ဘာလုပ်နေတာလဲ "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now