အခန်း (၄) ပညာရှင် နတ်ဘုရားထံမှ အမွေဆက်ခံခြင်း

832 73 0
                                    

အလင်းရောင်က ရဲ့ချန်ရဲ့ပတ်ဝန်းကျင် အဆောက်အဦးတစ်ခုလုံး ပေါက်ကွဲနေပြီး သူ့ကို အလွန်ထိပ်လန့်သွားစေကာ ဂူရွှမ်းကို အခန်းအပြင်ဘက်သို့ လွယ်လွယ်ကူကူပဲ တွန်းထုတ်သွားနိူင်ပုံ ရပါတယ်။ ရုတ်တရက် ပေါလောပေါ်နေသော ပုံသဏ္ဌာန်တစ်ခု သူ့ရှေ့မှာ ပေါ်လာပါတယ်။

ထိုပုံသဏ္ဌာန်က ရဲ့ချန်ရဲ့ခန္ဓာကိုယ်ကို အပေါ်အောက် ကြည့်လိုက်ပြီး " ရှေးဟောင်းခန္ဓာကိုယ်...သိပ်မဆိုးဘူးပဲ...."

" လူလေး...ငါ့က ပညာရှင်နတ်ဘုရားပါ...ရှေးတုန်းက စွမ်းအားအကြီးမားဆုံး အစစ်အမှန်နတ်ဘုရားငါးယောက်ထဲက တစ်ယောက်ပဲဆိုပါတော့...ငါ ဒီစာအုပ်ထဲမှာ ငါ့ရဲ့ဝိညာဉ်ကိုအနားယူဖို့ တမင်သပ်သပ် ချန်ထားခဲ့တာ...ဒါ့ကြောင့် တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်က ငါ့ရဲ့စွမ်းအားတွေကို အမွေဆက်ခံနိူင်တယ်...ပြီးတော့ ဒီနေ့မှာ မင်းက ငါ့ချန်ထားခဲ့တဲ့အမွေအနှစ်တွေကို အသက်သွင်းလိုက်တယ်..."

သူတို့နတ်ဘုရား​၏နယ်ပယ်ထဲက ပညာရှင်နတ်ဘုရားဟူသော အမည်ကို အခြားလူများ ကြားလိုက်ရလျှင် သူတို့က သေချာပေါက် အရူးအမူးကို ပျော်ရွှင်ပါလိမ့်မယ်။ အထူးသဖြင့် အမွေအနှစ်တစ်ခုကို အသက်သွင်းလိုက်သည်ဟု သိလိုက်ရတဲ့အခါမှာပေါ့။ သို့သော် ထိုအရာက တောင်းခံနေလို့ ရပုံမပေါ်ပါဘူး။ ဒါက ရဲ့ချန်အတွက်ကတော့ မဟုတ်ပါဘူး။

" စီနီယာ အထင်မှားနေတာ ဖြစ်ပါလိမ့်မယ်... ကျွန်တော် ဒီစာအုပ်ကို ခုမှ ထိဖူးတာပါ...ပြီးတော့ တခြားဘာမှလည်း မသိပါဘူး..." ထိုလူက သူ့ဆရာကို လွယ်လွယ်ကူကူပဲ ကန်ထုတ်ပြစ်ပါတယ်။ ထိုဟာက သူ အလွန်အားကောင်းတယ်ဆိုတာ သက်သေပြနေတာပါပဲ။ သူသာ ရဲ့ချန်ကို အန္တရာယ်ပေးချင်လျှင် သို့မဟုတ် သတ်ချင်နေမယ်ဆိုရင် လွယ်လွယ်ကူကူပဲ လုပ်နိူင်ပါလိမ့်မယ်။

ဂနာမငြိမ်ဖြစ်နေသော ရဲ့ချန်ကို ပညာရှင်နတ်ဘုရားက ကြည့်ပြီး ပြောလိုက်ပါတယ်။ " စိတ်ချလက်ချနေပါကွာ...ငါမင်းကို ဘာအန္တရာယ်မှ မပေးပါဘူး...ငါက နည်းနည်း ရက်စက်တတ်တယ်ဆိုတာတော့ မင်းသိထားပါ..."

" ငါ့ရဲ့အမွေကို အသက်သွင်းဖို့ ဒီစာအုပ် ဘေးမှာရှိနေရမယ်...ပြီးတော့ သော့လည်းရှိရမယ်...သော့က မင်းလည်ပင်းက ဟာပဲ...." အညာရှင်နတ်ဘုရားက ရဲ့ချန်ရဲ့လည်ပင်းက လည်ဆွဲကိုကြည့်ပြီး ပြောလိုက်ပါတယ်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now