Ch 5 - 6

530 46 1
                                    

အခန်း (၅)
-------- --------- -------- ------- --------
ဟန်ဆန်းအိမ်မှာ...
ပြသနာတက်သွားပြီးနောက် ဟန်ယုမီနဲ့ ဟန်လီက သု့မိသားစုကို တလအတွင်း ငွေပေးရင်ပေး၊ မပေးရင် အိမ်ကိုရောင်း၊ မဟုတ်ရင် အမှုဖွင့်မယ်လို့ ရာဇသံပေးသွားပါတယ်။

"ငါအသုံးမကျလို့
အိမ်ကိုမထိန်းသိမ်းနိုင်တော့ဘူး။''

လိုစုဟႏၠ
ဟန်ဆန်းလက်ကို ကိုင်ထားရင်း ပြောလိုက်ပါတယ်။ သူမမျက်နှာမှာတော့ မျက်ရည်စတွေနဲ့။

လိုစုဟန်ဟာ...
နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးပါ။ ဟန်ဆန်းအဖေအသက်ရှိစဉ်က မင်းသမီးလေးလို နေခဲ့ရသူပါ။ အခြားအိမ်အလုပ်တွေလုပ်ရဖို့ နေနေသာသာ တံမြက်စည်းတောင် မလှည်းခဲ့ရပါဘူး။ သူ့အဖေကွယ်လွန်ပြီးနောက် သူ့အမေအတွက် သူနဲ့ သူ့ညီမလေးကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်ခက်ခဲခဲ့မှန်း ဟန်ဆန်းသိပါတယ်။ 

"စိတ်မပူနဲ့,အမေ။ အဖေမရှိလည်း ကျနော်ရှိတယ်။ သူတို့ကိုအိမ်သိမ်းဖို့ ကျနော်ခွင့်မပြု နိုင်ဘူး။ အမေအနားယူလိုက်ပါဦး။ ကျနော်... ဒီကိစ္စကို ဦးလေးဇန်နဲ့ တိုင်ပင်လိုက်ဦးမယ်။''
-------- --------- -------- ------- --------
ဟန်ဆန်းက...
ဦးလေးဇန်လို့ခေါ်တဲ့ သူ့အဖေရဲ့သူငယ်ချင်းဟာ သူတို့မိသားစုရှေ့နေဖြစ်ပါတယ်။

"ဟိုင်း, ဦးလေးဇန်..., ကျနော်ဟန်ဆန်းပါ...။ ဦးလေးနဲ့ တိုင်ပင်စရာလေးရှိလို့။''

တယောက်တည်းရှိတော့မှ ဟန်ဆန်းက ဦးလေးဇန်ကို လှမ်းနှုတ်ဆက်လိုက်တယ်။

ဦးလေးဇန်က...
သူ့အမျိုးတွေပြောတာမှန်ကြောင်း၊ အိမ်ရဲ့တစိတ်တပိုင်းကို သူတို့ပိုင်ဆိုင်ခွင့်ရှိကြောင်း ရှင်းပြပါတယ်။ တကယ်လို့... တရားရုံးရောက်ခဲ့ရင်တော့... ငွေပြန်အမ်းမယ်၊ မအမ်းဘူး၊ အိမ်ရောင်းမယ်၊ မရောင်းဘူးဆိုတာက ဂျူရီအဖွဲ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်ကြောင်း ထပ်ပြီးရှင်းပြပါတယ်။
--------- -------- ------ ------- ------ -----
"သားလေးဆန်း..., မင်းဦးလေးဇန်က ဘာပြောလိုက်လဲ...။''

လိုစုဟႏၠ...
ဟန်ဆန်းကို စိတ်လှုပ်ရှားစွာစိုက်ကြည့်ရင်း မေးလိုက်ပါတယ်။

"စိတ်မပူပါနဲ့...,အမေ...။ ဦးလေးဇန်နဲ့အတူ စစ်ဆေးနေပါတယ်။ အဖြေတခုတော့ရှိမှာပါ။ အမေ့သားကို စိတ်ချပါ။ ဒီ ကိစ္စကို ကျနော်ဂရုတစိုက်လုပ်မှာပါ။ ကျနော်တို့အိမ်ကို ဘယ်သူမှ မသိမ်းစေရဘူး...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now