406 - 410

209 22 0
                                    

Super God Gene (406)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၀၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
ရွှေမာန်ဖီကောင်ကို ဆင့်ခေါ်လိုက်တယ်။ သူ့ကို စီးရတာ ပြိုင်ကားအကောင်းစားကြီး စီးရတာထက်တောင် မိုက်ပါတယ်။ ရွှေမာန်ဖီကောင်ဟာ အရမ်းမြန်ပါတယ်။ ဘယ်လောက်တောင်မြန်သလဲဆိုရင် သူဟာ တောင်တက်လမ်းတလျှောက် ဘေးဘယ်ညာရှိ အရာတွေကို မှုန်ဝါးဝါးသာ မြင်ရတယ်။ ဒီလောက်မြန်တာတောင် ရွှေမာန်ဖီကောင်ရဲ့ ကျောပေါ်မှာ ထိုင်ရတာဟာ ဆိုဖာပေါ်မှာ ထိုင်ရသလို့ ငြိမ့်အိလှပါတယ်။

တနာရီမပြည့်ခင်မှာ
ဟန်ဆန်းဟာ သံမဏိရဲတိုက် သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အရင်ကဆို ဒီခရီးဟာ တရက်,နှစ်ရက်ခန့် ကြာပါတယ်။ အခုတော့ တနာရီနီးပါးသာ ကြာခဲ့ပါတယ်။ ဒါတောင် ရွှေမာန်ဖီကောင်ကို အမြန်ဆုံး သွားခိုင်းခဲ့တာ မဟုတ်ပါ။ 

ဟန်ဆန်းဟာ
အလွန်ဝမ်းမြောက်ခဲ့တယ်။ရွှေမာန်ဖီကောင်ရဲ့ အမြန်...၊ နင်ယွဲ့ထံမှ ရရှိခဲ့တဲ့ စူပါသားရဲ တွေရဲ့ တည်နေရာ...၊ ကံကြမ္မာဟာ သူ့ဘက်ကို ပါလာခဲ့ပြီ။ သူဟာ စူပါသားရဲများစွာကို အချိန်တိုအတွင်း သတ်နိုင်တော့မယ်။ သူ့ရဲ့ စူပါလွတ်မြောက်သူအိပ်မက်ဟာ နီးစပ်လာခဲ့လေပြီ။

ဟန်ဆန်းဟာ
ရွှေမာန်ဖီကောင်ကို စီးပြီး စူပါသားရဲတွေကို မြန်နိုင်သမျှ မြန်မြန် အမဲလိုက်ချင်သော်လည်း သူ့ဟာသူ ပြန်ထိန်းလိုက်ရတယ်။ များမကြာမီ သူဟာ ဘွဲ့ယူဖို့ စာမေးပွဲဖြေရပါမယ်။ အဲ့ဒီစာမေးပွဲက ဟန်ဆန်းရဲ့ အနာဂတ်ရာထူးနဲ့ တာဝန်ထမ်းဆောင်ရမယ့် နေရာကို ဆုံးဖြတ်ပေးပါမယ်။ အဲ့ဒါကြောင့် သူဟာ ဘွဲ့ရပြီး စစ်မှုမထမ်းခင် စပ်ကြားအချိန်လေးမှာ စူပါမျိုးရိုးဗီဇအမှတ် တရာရအောင် အမဲလိုက်ရပါမယ်။
-------- --------- -------- ------- --------
သံမဏိရဲတိုက္ကို
ပြန်ရောက်ပြီးနောက် သူ့ကတိအတိုင်း သူ့မှာ အသုံးမလိုတော့တဲ့ ပုရွက်ဆိတ်သရဲချပ်ဝတ်တန်ဆာကို ရောင်းဖို့ ဟန်ဆန်းဟာ လင်ဘီဖန်းကို ဆက်သွယ်ခဲ့တယ်။

လင်ဘီဖန်းဟာ
သူအရမ်းလိုချင်တဲ့ ပုရွက်ဆိတ်သရဲချပ်ဝတ်တန်ဆာကို ရလိုက်လို့ အတိုင်းမသိပျော်နေပါတယ်။ သူ့မှာ ထွတ်မြတ်သွေးမျိုးရိုးဗီဇအမှတ် တရာရအောင်လုပ်ဖို့ အနည်းဆုံးသုံးနှစ်ခန့်အချိန်ယူရဦးမယ်။ ဒီသုံးနှစ်အတွင်း သူဟာ ပုရွက်ဆိတ်သရဲချပ်ဝတ်တန်ဆာကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်နိုင်ပါပြီ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now