881 - 885

221 20 0
                                    

Super God Gene (881)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၈၁)
-------- --------- -------- ------- --------
'' ဘာဖြစ်လို့လဲ အမေ ''

ဟန်ဆန်းဟာ နားမလည်ခြင်းများစွာနဲ့ မေးလိုက်ပါတယ်။

'' မင်းအဘိုးက တတိယနတ်ဘုရားကမ္ဘာမှာ ရက်စက်မှုနဲ့ ကျော်ကြားတယ်၊ အဲ့ဒီမှာရှိတဲ့ ဝိညာဉ်တိုင်းက သူ့ကို ခါးခါးသီးသီး မုန်းကြတယ်၊ ဒါကြောင့် မင်းအသက်ကို မင်း နှမြောရင် သူနဲ့ ပတ်သက်တာကို လျှို့ဝှက်ထားမှ ရမယ်၊ အင်း မင်းက ကောင်းကင်အတုသိုင်းကို ကျင့်မထားတော့ ပြဿ     နာတော့ မရှိနိုင်ဘူး ''

လိုစုဟန်က ပြုံးပြီး ပြောလိုက်တယ်။

'' အတော်ဆိုးတာပဲ ''

ဟန်ဆန်းဟာ နည်းနည်းတုန်လှုပ်သွားတယ်။ လိုမိသားစုနဲ့ပတ်သက်မှုကို လျှို့ဝှက်ထားရတာက တကယ့်ပြဿ     နာမဟုတ်ဘူး။ တကယ့်ပြဿ     နာက ကျောက်မိသားစုပါ။ ကျောက်မိသားစုက သူ့ကို အင်မတန် မုန်းတီးနေတယ်။ သူ့အဘိုးဟာ ဘယ်သူဆိုပြီးတော့ တတိယနတ်ဘုရားကမ္ဘာက ဝိညာဉ်တွေဆီကို သတင်းပို့လိုက်ရင် သူတော့ သွားပြီပဲ။

ဟန်ဆန်းက လိုစုဟန်ကို သူနဲ့ ကျောက်မိသားစုကြားက  ပြဿ     နာကို ပြောပြလိုက်တယ်။ ဒီအကြောင်းတွေကို ကြားပြီးတဲ့အခါ လိုစုဟန်က ပြန်ပြောလိုက်တယ်။

'' တတိယနတ်ဘုရားကမ္ဘာ ဆိုတာက အကြီးကြီးပဲ၊ အကျယ်ကြီးပဲ၊ မင်းအရမ်းကံဆိုးမှ သူတို့နဲ့ နီးစပ်တဲ့ နေရာကို ရောက်လိမ့်မယ်၊ အဲ့ဒီတော့ သိပ်ပြဿ     နာမရှိပါဘူး ''

'' မင်း တတိယနတ်ဘုရားကမ္ဘာကို ရောက်ရင် နာမည်ပြောင်းသင့်တယ်၊ တတိယနတ်ဘုရားကမ္ဘာကို မင်းတက်သွားပြီးရင်လဲ သူတို့က မင်းတက်သွားတယ်လို့ပဲ သိလိမ့်မယ်၊ မင်းဘယ်နေရာရောက်သွားတယ်ဆိုတာကို သူတို့မသိနိုင်ပါဘူး၊ သိပ်လဲ စိတ်မပူနဲ့ သားရေ ''

လိုစုဟန်က ထပ်ပြောလိုက်တယ်။ သူမဟာ သူ့အတွက် အများကြီး စိုးရိမ်နေတဲ့ပုံ မပေါ်ဘူး။

'' အမေ့အကြံက မဆိုးဘူးပဲ ''

ဟန်ဆန်းဟာ သူ့အမေရဲ့ နှစ်သိမ့်ပေးမှုကြောင့် ပူပန်သောကတွေ ပြေပျောက်သွားပြီး စိတ်အေးလက်အေး ဖြစ်သွားတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now