431 - 435

244 23 0
                                    

Super God Gene (431)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၃၁)
-------- --------- -------- ------- --------
တဖြည်းဖြည်းနဲ့
ဟန်ဆန်းဟာ တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တယ်။ ဒီလိုဖြစ်ရတာ လုပင်းမှာ သတ်ဖြတ်ချင်စိတ် မရှိလို့ မဟုတ်ဘဲ အဲ့ဒီစိတ်ကို ဖုံးကွယ်ထားလို့ပါ။

အခန်းတခန်းထဲမှာ
မီးတိုင်တတိုင်ရှိရင် အလင်းရောင် ဘယ်ကလာတယ်ဆိုတာ အလွယ်တကူ ပြောနိုင်ပေမဲ့ အခန်းထဲမှာ မီးတိုင်တွေအများကြီးရှိရင် အလင်းရောင် ဘယ်ကလာတယ်ဆိုတာ အလွယ်တကူ မပြောနိုင်ပါ။ 

လုပင်းက
သူ့ရဲ့ သတ်ဖြတ်ချင်စိတ်ကို ဖုံးကွယ်ထားတာကြောင့် ပြိုင်ဘက်တွေဟာ သူ့ရဲ့ သတ်ဖြတ်ချင်စိတ်ကို မမြင်နိုင်ပါ။ သတ်ဖြတ်ချင်စိတ်နဲ့ တွဲဆက်နေတဲ့ ခြေကန်ချက်တွေကိုလည်း မမြင်နိုင်ပါ။ သတ်ဖြတ်ချင်စိတ်နဲ့ ခြေကန်ချက်တွေဟာ ဆက်စပ်နေတယ်၊ မဟုတ်ပါလား။

အစကတော့
ဟန်ဆန်းဟာ လုပင်းရဲ့ သတ်ဖြတ်ချင်စိတ်ကို လိုက်လံရှာဖွေခဲ့တယ်။ ဒါပေမဲ့ မကြာမီ လက်လျှော့လိုက်ပါတယ်။ တရှူ းထိုးပြေးလွှားနေတဲ့ သတ်ဖြတ်ချင်စိတ်နဲ့ ဖွဲ့စည်းထားတဲ့ ခြေကန်ချက်တွေအောက်မှာ သတ်ဖြတ်ချင်စိတ်ကို ရှာဖွေရတာ အဓိပ္ပာယ်မရှိပါ။ ယုန်တောင်ပြေး ခွေးမြောက်လိုက်သာ ဖြစ်နေပါတယ်။

ဒီလိုလူမျိုးကို
တိုက်ခိုက်အနိုင်ယူဖို့ရာ နည်းလမ်းတခုသာ ရှိပါတယ်။ အဲ့ဒါက ''ရဲရင့်ပြတ်သားခြင်း''ပါ။

ဟန်ဆန်းဟာ
နောက်ထပ် နောက်မဆုတ်တော့ပါ။ သူက လုပင်းကို ခြေထောက်နဲ့ ပြန်ကန်လိုက်တယ်။ ခြေထောက် ခြေထောက်ချင်း လေထဲမှာ ထိပြီး ကျယ်လောင်တဲ့ အသံထွက်ပေါ်လာတယ်။ 

"ဘုံး...''

လုပင်းရဲ့
ခြေကန်ချက်တွေဟာ သဘာဝ,မကျပေမဲ့ လက်တွေ့ကျတယ်။ သိုင်းပေါင်းစုံစွယ်စုံကျမ်း ''မြင်ကွင်းကျယ်''ကို လေ့လာပြီးနောက် လုပင်းရဲ့ သေမင်းကန်ချက်ကို တုပဖို့ဆိုတာ ဟန်ဆန်းအတွက် မခက်ပါ။ အလွန်လွယ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လိုက်တုတတ်ပါတယ်။ ဒါပေမဲ့ နည်းမသိရင် ဘယ်လောက်တုတု တူသယောင်ယောင်နဲ့ မတူပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now