791 - 795

216 20 0
                                    

Super God Gene (791+792)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၉၁ အဆက်)
-------- --------- -------- ------- --------
ကွင်ရှန်ဟာ အတွေးထဲမှာ အချိန်အတော်ကြာ နစ်မျောနေခဲ့တယ်။ ကြာမြင့်စွာ စဉ်းစားခဲ့ပေမဲ့ သူမစိတ်တွေဟာ မရေမရာ ဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာ သူမလက်ဟာ ဟမ်းဖုန်းဆီရောက်သွားတယ်။ မကြာခင် လူကြီးတယောက်ဟာ သူမရှေ့မှာ ဘွားခနဲ ပေါ်လာတယ်။

'' ရှန်ရှန်လေး... အဘိုးဆီ ထူးထူးဆန်းဆန်း ဖုန်းဆက်လို့ပါလား ''

အဘိုးကွင်က လဖက်ရည်တငုံသောက်ပြီး ကွင်ရှန်ကို စလိုက်တယ်။

'' အဘိုး... သမီး ဒိဋ္ဌဓားသိုင်း ကျင့်ချင်တယ် ''

ကွင်ရှန်က အလေးအနက် ပြောလိုက်တယ်။

အဘိုးကွင်က ခေါင်းခါပြီး သူမကို အလေးအနက် ပြန်ကြည့်လိုက်တယ်။ သူဟာ သူ့မြေးကို ခဏကြာ အကဲခတ်ပြီး မေးလိုက်တယ်။

'' ငါ့မြေးက ဘာဖြစ်လို့ ကျင့်ချင်တာလဲ၊ အဘိုးကို ပြောပါအုံး ''

ကွင်ရှန်က အကြောင်းစုံရှင်းပြလိုက်တယ်။ ပြီးမှ ဆက်ပြောလိုက်တယ်။

'' သမီး အများကြီးစဉ်းစားပြီးပြီ၊ တိုက်ပွဲတွေမလိုတဲ့ အဆင့်အထိရောက်အောင် ကျင့်မယ် ''

'' တိုက်ပွဲတွေမလိုတဲ့ အဆင့်၊ အဲ့ဒီအဆင့်က နောက်ဆုံးအဆင့်ပဲ၊ အဘိုး ငါ့မြေးပြောတဲ့ လူနဲ့ တွေ့ချင်တယ် ''

အဘိုးကွင်က ကွင်ရှန်ကို ပြောလိုက်တယ်။ 

'' ဟုတ်၊ အဘိုးတွေ့ချင်ရင် မနက်ဖြန် ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းမမှာ ဆုံပေးမယ်၊ ဒါပေမဲ့ ဒိဋ္ဌဓားသိုင်းကို သမီး သင်သင့်လား၊ ပြောပါအုံး ''

ကွင်ရှန်က ကလေးတယောက်ပူဆာသလို ထပ်မေးလိုက်တယ်။

ကွင်ရှန်ဟာ အခြားလူတွေရှေ့မှာ လူကြီးတယောက်လို ပြုမူဆက်ဆံပေမဲ့ အဘိုးရှေ့ရောက်ရင်တော့ ကလေးတယောက်လို ပြုမူလေ့ရှိတယ်။ သူမဟာ မိဘတွေရှေ့မှာတောင် ကလေးလို မနေပါဘူး။

'' ငါ့မြေး... ကိုယ့်အဖြေကို ကိုယ့်စိတ်ထဲမှာ မထားဘူးလား၊ ငါ့လို အဘိုးကြီးကို ဘာလို့ မေးနေတာလဲ ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now