576 - 580

214 23 0
                                    

Super God Gene (576)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၇၆)
-------- --------- --------
------- --------
အချိန်တွေကုန်လွန်လာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းလှည့်လည်နေတဲ့ အအေးဓာတ်ဟာ ပိုမိုပြင်းထန်လာတယ်။ ဆဲလ်တွေဟာ ရွေ့လျားနေပြီး  ပုံဆောင်ခဲတွေအဖြစ် ပြောင်းလဲနေတယ်လို့ ဟန်ဆန်း ခံစားမိတယ်။

တချိန်တည်းမှာပဲ တုံရွမ်ခန္ဓာကျင့်စဉ်ဟာ အသက်ဝင်လာတယ်။ ထူးဆန်းတဲ့ ခံစားမှုတခုက ဟန်ဆန်းအား ကျောက်စိမ်းခန္ဓာကျင့်စဉ်အသုံးပြုနေတာကို ရပ်တန့်ဖို့ ဖိအားပေးခဲ့တယ်။

ဟန်ဆန်းမျက်နှာဟာ ဖြူ ဖပ်ဖြူ ရော်ဖြစ်လာတယ်။ သူ့ခန္ဓာကိုယ်တွင်း လှည့်လည်နေတဲ့ အအေးဓာတ်ဟာ သူ့ခန္ဓာကိုယ်ဆဲလ်တွေနဲ့ ပေါင်းပြီး ပထမမျိုးရိုးဗီဇသော့ကို ဖွင့်ဖို့ ကြိုးစားနေတယ်လို့ ခံစားမိတယ်။

"ကျင့်စဉ်နှစ်ခုက တခုနဲ့တခု ဆန့်ကျင်နေတာလား...။''

ဟန်ဆန်းဟာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ကျင့်စဉ်နှစ်ခုကို အတူတကွသုံးလို့မရရင်ဆိုတဲ့ အတွေးက သူ့ကို စိတ်ရှုပ်စေခဲ့တယ်။

ငွေမြေခွေးလေးဟာ ဟန်ဆန်းကို တချိန်လုံး စောင့်ကြည့်နေတယ်။ ဟန်ဆန်းနိုးလာတာကို မြင်တဲ့အခါ ပြေးလာပြီး ဟန်ဆန်းခြေထောက်တွေကို ထုံစံအတိုင်း ပွတ်နေတယ်။ စိတ်ရှုပ်နေတဲ့ ဟန်ဆန်းဟာ ငွေမြေခွေးလေးကို ဘေးဖယ်ထားလိုက်တယ်။ ငွေမြေခွေးလေးဟာ ဟန်ဆန်းကို မျက်နှာငယ်လေးနဲ့ ကြည့်လိုက်တယ်။

ဟန်ဆန်းဟာ ငွေမြေခွေးလေးရဲ့ သနားစဖွယ်မျက်နှာလေးကို မြင်မှ သတိပြန်ဝင်လာတယ်။ သူဟာ မှန်လေးတချပ်ကို ထုတ်ကြည့်လိုက်တယ်။ ဒီမှန်လေးက အမြွာသူစိမ်းသားရဲဝိညာဉ်အသုံးပြုဖို့ ဆောင်ထားတာပါ။ မှန်ထဲမှာ ထူးထူးခြားခြား ဘာမှ မတွေ့ရပါ။

ဟန်ဆန်းဟာ ကျောက်စိမ်းခန္ဓာကျင့်စဉ်ကိုပဲ ဆက်ကျင့်လိုက်တယ်။ ပိုမိုအေးစိမ့်လာတယ်။ ရှီရိကောင်းရဲ့ ကျောက်စိမ်းခန္ဓာကျင့်စဉ်လောက် မကောင်းပေမဲ့ ရေတွေ ရေခဲဖြစ်သွားတာကို မြင်ရလို့ ပျော်သွားတယ်။ ဟန်ဆန်းဟာ မှန်ကို တဖန် ကြည့်လိုက်ပြန်တယ်။ နဖူးမှ ချွေးစေးတွေစီးကျလာတယ်။ သူ့မျက်လုံးတွေ နီနေတာကို မှန်ထဲမှာ မြင်ရတယ်။ တွတ်တွတ်ရဲမနေပါ။ ပုံမှန်မျက်လုံးအရောင်မှာ အနီရောင်မှိန်မှိန်လေး ဖောက်ထားသလိုမျိုး တမျိုးလေး ကြည့်ကောင်းပါတယ်။ သူ့မျက်လုံးတွေဟာ ရှီမိသားစုဝင်တွေရဲ့ မျက်လုံးတွေနဲ့ ဆင်နေတာကို သတိပြုမိပါတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now