31 - 35

367 35 0
                                    


နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ---------
အခန်း (၃၁)
-------- --------- -------- ------- ---------
"ဒီလောက်တိုက်ချင်နေမှတော့ တိုက်ရုံပဲပေါ့။ သူမဟာ မိန်းမတယောက်ဖြစ်တယ်ဆိုတာကိုတော့ မေ့ထားလို့မရဘူးလေ။''

ဟန်ဆန်းက
သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်ပါတယ်။

သူဘယ်လောက်ပဲ သည်းခံ, သည်းခံ... ကွင်ရှန်က သူ့ကို အလွတ်မပေးမှန်း ဟန်ဆန်းသိပါတယ်။ နောက်ထပ်တော့ သူမကို အလျော့မပေးနိုင်တော့ပါ။ သူဟာ မှော်တစ္ဆေသိုင်းကို ကျွမ်းကျင်လုနီးပါး လေ့ကျင့်ထားပြီးပါပြီ။ အခုလည်း သူမနဲ့လေ့ကျင့်တယ်လို့ပဲ ဟန်ဆန်းသဘောထားလိုက်ပါတယ်။ ဘာပဲပြောပြော သူမနဲ့လေ့ကျင့်ခွင့်ရတာ သူ့အတွက်အမြတ်ပါ။

ဟန်ဆန်းက
ကွင်ရှန်ရှေ့တွင် တိုက်ခိုက်ရေးဝတ်စုံအပြည့်ဖြင့် ရပ်လိုက်တာနဲ့ ကွင်ရှန်က လုံးဝအလစ်မပေးတော့ဘဲ ဟန်ဆန်းရဲ့ခြေထောက်ကို အမှိုက်သိမ်းသလို ဝိုက်ကန်လိုက်ပါတယ်။ 

အလစ်ချောင်းတိုက်ရာတွင်
ဆရာတဆူဖြစ်တဲ့ ဟန်ဆန်းအတွက် အလစ်ချောင်းတိုက်ခွင့်ဆုံးရှုံးရတာဟာ နွေခေါင်ခေါင်မှာ မိုးကြိုးအပစ်ခံလိုက်ရလိုပါပဲ။ ကွင်ရှန်က ဦးအောင်တိုက်ပြီး ဟန်ဆန်းကို ဘာအခွင့်အရေးမှ မပေးပါ။

သူမဟာ
အကြီးအကျယ်မှားယွင်းသွားပါတယ်။ သူမက အခုထိ ဟန်ဆန်းကို ပြိုင်ဘက်လို သဘောမထားဘဲ ဘယ်အချိန်တိုက်တိုက် အလွယ်တကူအနိုင်ယူနိုင်တယ်လို့ ထင်နေလို့ပါ။ သူမအလိုချင်ဆုံးက ဟန်ဆန်းရဲ့ဖင်ကို မိမိရရပိတ်ကန်ဖို့ပါ။ သူမရဲ့ခြေကန်ချက်မှာ အားတဝက်သာ ထည့်သုံးထားပါတယ်။

သူမစိတ်ထဲမှာ
ဟန်ဆန်းကို အရေးစိုက်စရာမလိုတဲ့ (ရဲတိုက်မှာ လူတိုင်းအနိုင်ကျင့်သမျှ ခံနေရတဲ့) ငကြောင်တကောင်လို့ ထင်နေဆဲပါ။

ကွင်ရှန်က
ဟန်ဆန်းကို အလွန်အမင်း မနာကျင်စေချင်ပါ။ ဒါကြောင့် သူမရဲ့ခြေကန်ချက်မှာ အားအပြည့်အထည့်ဘဲ အားတဝက်သာ ထည့်လိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့...
သူမ,မသိသေးတာက...
ဟန်ဆန်းမှာ ထွတ်မြတ်သွေးအမှတ်၁၈မှတ် ရရှိထားပြီး ကျောက်စိမ်းခန္ဓာကျင့်စဉ်ကို လေ့ကျင့်ထားတယ်ဆိုတာကိုပါ။ သူမလောက်မကြံ့ခိုင်သေးသော်လည်း သူမတို့ကြားက ကွာဟချက်ဟာ အရင်ကလောက် မကြီးမားတော့ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now