591 - 595

204 23 0
                                    

Super God Gene (591)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၉၁)
-------- --------- --------
------- --------
"အကိုဟန်...၊ အားလုံးအဆင်သင့်ဖြစ်ပြီ...။ တော်ဝင်ရဲတိုက်ကို ကြိုက်တဲ့အချိန် သွားတိုက်လို့ ရပြီ...။''

မိစ္ဆာနက်ရဲတိုက်ကို ပြန်ရောက်တဲ့အခါ ချီချိုဝမ်က ဟန်ဆန်းကို အစီရင်ခံလိုက်တယ်။ ဖီးလစ်နဲ့ လီရှင်းလွင်တို့က သဘောတူကြောင်း ပြောပြခဲ့တယ်။

"ကောင်းပြီလေ...။ မင်းစီစဉ်လိုက်...။ မင်းအစီအစဉ်အတိုင်း လုပ်ကြမယ်...။''

ဟန်ဆန်းက ချီချိုဝမ် တင်ပြလာတဲ့ အစီအစဉ်ကို ကြည့်နေတယ်။

"အကိုဟန်...၊ ဘာမှ စိတ်မပူနဲ့...။ ကျနော် အကုန်လုံး တာဝန်ယူတယ်...။ ကျနော်က အကိုစိတ်ပျက်အောင် မလုပ်ပါဘူး...။ အဲ့ဒီရဲတိုက် ကျနော်တို့လက်ထဲ ရောက်စေရမယ်...။ ကျနော်အာမခံတယ်...။''

ချီချိုဝမ်က ဟန်ဆန်းကို လှည့်စားမယ့် အကြံနဲ့ ပြောလိုက်တယ်။

ဟန်ဆန်းက ချီချိုဝမ်ကို စိတ်ချယုံကြည်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်။ ပြီးနောက် တချက်ပြုံးပြီး သူ့ပုခုံးကို ပုတ်ကာ ဆက်ပြောလိုက်တယ်။

"လုပ်စရာရှိတာဆက်လုပ်...။ ငါမင်းကို အကြွင်းမဲ့ ယုံတယ်...။''

ဟန်ဆန်းဟာ အလုပ်များတာကို နှစ်သက်သူမဟုတ်သော်လည်း သူများတွေအလုပ်များတာကိုတော့ နှစ်သက်ပါတယ်။
-------- --------- -------- ------- --------
ချီချိုဝမ်ထွက်သွားတဲ့အခါ ယန်းမန်လီရောက်လာတယ်။ သူမဟာ မျက်နှာမကောင်းပါ။ တခုခုကို စိုးရိမ်နေပုံပေါ်တယ်။

"တော်ဝင်ရဲတိုက်ကို တိုက်ခိုက်ဖို့ အစီအစဉ်တခုလုံးကို ချီချိုဝမ်လက်ထဲ ဘာလို့ ထည့်လိုက်တာလဲ...။ အဆင်ကော ပြေပါ့မလား...။''

"မိစ္ဆာနက်ရဲတိုက်ကို သူ့အဖေဒေါင်းလင်ပိုင်တာ မမေ့နဲ့...။ အရင်းမစိုက် လှေထိုးလိုက်တဲ့...။ အစီအစဉ်တခုလုံးကို သူ့လက်ထဲထည့်လိုက်တော့ ငါ့ပိုက်ဆံမကုန်တော့ဘူးပေါ့...၊ ဟဲဟဲ...။''

"ဒါဆို ရဲတိုက်ကို သိမ်းပြီးရင် ဘယ်လိုဆက်လုပ်မလဲ...။''

ယန်းမန်လီက ဟန်ဆန်းလို အကောင်းမြင်ခြင်းမရှိပါ။ သူမဟာ မျက်ခုံးကို ပင့်ပြီး နဖူးကြောကို တင်းထားတယ်။ ပြီးနောက် မျက်မှောင်ပါ ထပ်ကြုတ်လိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now