651 - 655

230 18 0
                                    

Super God Gene (651)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၅၁)
-------- --------- -------- ------- --------
ဝမ်ယုံဟန်ပြောတဲ့ လိုင်ဟမ်ဝူဟာ မကောင်းဆိုးဝါးတောင်ရဲ့ အခြာတဖက်ခြမ်းက ရဲတိုက်မှာ နေတယ်။ သူ့ဆီကို သွားမယ်ဆိုရင် အန္တရာယ်များတဲ့ တောင်တန်းတွေကို ဖြတ်ကျော်ပြီး သွားရမယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ မဟာမိတ်ကို အရင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ ခရီးအတွက် ပြင်ဆင်ရဦးမယ်။ မဟာမိတ်ကို ရောက်တဲ့အခါ ဖုန်းကို အရင်ဖွင့်ကြည့်လိုက်တယ်။ မစ်ကောတွေ၊ မက်ဆေ့တွေ အများကြီးတွေ့ရတယ်။ အများစုက ဂျီရန်လန်၊ တန်းဇန်လပ်နဲ့ ဖင်ချင်တို့ဆီက ဖြစ်တယ်။

ဟန်ဆန်းဟာ တယောက်ချင်း ပြန်ခေါ်လိုက်တယ်။ သူတို့ပြောတဲ့ သတင်းက စူပါသားရဲကို သတ်ခဲ့တဲ့ ဂျီချင်သတင်းပါ။ ဒီသတင်း ဒီအဖြစ်အပျက်က မဟာမိတ်က လူကုံထံ အသိုင်းအဝိုင်းကို အကြီးအကျယ် အံ့အားသင့်စေခဲ့တယ်။ တရားဝင်မကြေညာရသေးပေမဲ့ လူအတော်များများသိနေတဲ့ သတင်းပါ။ ဒါပေမဲ့ အများပြည်သူသိအောင်တော့ တရားဝင်မကြေညာရသေးပါ။

ဟန်ဆန်းဟာ ဂျီရန်လန်ဆီကိုတော့ ဖုန်းမဆက်တော့ဘဲ သူမရုံးခန်းကို လူကိုယ်တိုင် သွားတွေ့ခဲ့တယ်။

ဂျီရန်လန်က ဟန်ဆန်းကို အသေးစိတ်ပြောပြခဲ့တယ်။ ဂျီချင်ဟာ စူပါသားရဲကို အမှန်တကယ် သတ်နိုင်ခဲ့တယ်။ အဲ့ဒီလိုသတ်နိုင်ဖို့ လူအင်အား သုံးရာကျော်သုံးခဲ့ရတယ်။ သူမဟာ နောက်ဆုံးသတ်ဖြတ်မှုကို လုပ်ဆောင်နိုင်ခဲ့တယ်။ စူပါသားရဲဟာ သေဆုံးပြီးနောက် အသားကို ချန်မထားဘဲ အမတေကိုသာ ချန်ထားခဲ့တယ်။

ဒီအကြောင်းတွေက ဟန်ဆန်းသိပြီးသားတွေပါ။ စူပါသားရဲအများစုဟာ သေဆုံးပြီးနောက် အလောင်းကို ချန်မထားဘဲ ပျောက်ကွယ်သွားကြတယ်။ သေဆုံးပြီးနောက် အလောင်းကျန်ခဲ့တဲ့ သားရဲဟာ အနည်းငယ်သာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တရားဝင်ထုတ်ပြန်ကြေညာပြီးရင်တော့ စူပါသားရဲသတင်းဟာ လူတွေအကြီးအကျယ်စိတ်ဝင်စားတဲ့ သတင်းဖြစ်လာမှာပါ။ 

စူပါသားရဲတွေထဲမှာ ရွှေမာန်ဖီကောင်ဟာ အတော်ထူးခြားပါတယ်။ ရွှေမာန်ဖီကောင်ပေါက်စလေးဟာ အခြားစူပါသားရဲတွေနဲ့ မတူတဲ့ သားရဲဝိညာဉ်ကို ထုတ်ပေးနိုင်ပါတယ်။ စူပါသားရဲကရတဲ့ စီးစရာယာဉ်ချင်းအတူတူမှာတောင် ရွှေမာန်ဖီကောင်ကရတဲ့ စီးစရာယာဉ်ဟာ အခြားစီးစရာယာဉ်တွေနဲ့မတူဘဲ တမူကွဲပြားပါတယ်။ စူပါသားရဲတွေဟာ တကောင်နဲ့တကောင် မတူဘဲ ကွဲပြားခြားနားတဲ့ ပင်ကိုသဘာဝတွေ ဘာကြောင့်ရှိနေလဲဆိုတာ ဟန်ဆန်း,မသိပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now