676 - 680

206 18 0
                                    

Super God Gene (676)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၇၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ရဲတိုက်ကို ပြန်ခဲ့တယ်။ မကောင်းဆိုးဝါးတောင်တန်းအနီးမှာ လူတယောက်ဟာ ဟန်ဆန်းကို တွေ့ဖို့ စောင့်နေပါတယ်။ အဲ့ဒီလူကို လုဟွေနဲ့ မြောက်ပိုင်းခေါင်းဆောင်ဟွမ်ယွင်လုံတို့က စေလွှတ်ထားတာပါ။ သူတို့က ဟန်ဆန်းနဲ့ ပူးပေါင်းပြီး စူပါသားရဲကို အမဲလိုက်ချင်ကြောင်း ပြောခိုင်းလိုက်တာပါ။ ဒါပေမဲ့ ဟန်ဆန်းက ငြင်းလည်း မငြင်း၊ လက်လည်း မခံခဲ့ပါ။
-------- --------- -------- ------- --------
ဟန်ဆန်းရောက်တယ်လို့ ကြားတာနဲ့ ဖီးလစ်ဟာ စူပါသားရဲသတ်အဖွဲ့ထဲဝင်ဖို့ ရောက်ချလာတယ်။

ချီချိုဝမ်ဟာ ဟန်ဆန်းကို ဦးမညွှတ်ချင်ပေမဲ့လည်း ဒေါင်းလင်က သူ့ကို ဟန်ဆန်းဆီသွားပြီး စူပါသားရဲသတ်အဖွဲ့ထဲဝင်ခိုင်းခဲ့တယ်။
-------- --------- -------- ------- --------
စူပါသားရဲကို ဟန်ဆန်းသတ်နိုင်ခဲ့တဲ့ အကျိုးဆက်ဟာ ယန်းမန်လီအပေါ် သက်ရောက်ခဲ့တယ်။ ဟန်ဆန်းပြန်ရောက်တဲ့ အချိန်ကစပြီး ယန်းမန်လီဟာ နတ်သမီးရဲတိုက်မှာ အလုပ်အများဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်။ ဟန်ဆန်းဟာ ခေါင်းဆောင်အလုပ်ကို မလုပ်တဲ့ ခေါင်းဆောင်ပါ။ သူဟာ ခေါင်းဆောင်တာဝန်တွေကို ယန်းမန်လီကို လွှဲထားပါတယ်။ အဲ့ဒါကြောင့် ယန်းမန်လီဟာ ရှဲဒိုးခေါင်းဆောင်ဖြစ်လာပြီး စူပါသားရဲသတ်အဖွဲ့ထဲဝင်ဖို့ ဝင်ခွင့်တောင်းလာသူတွေအားလုံးကို သူမက တာဝန်ယူဖြေရှင်းပေးရတယ်။ ဒီလိုနဲ့ သူမဟာ ဟန်ဆန်းကောင်းမှုကြောင့် နားချိန်မရှိ ဖြစ်လာတယ်။

"မင်းဟာမင်း ရဲတိုက်ခေါင်းဆောင်လို့ပဲ သဘောထားထား၊ အထူးတပ်ခွဲခေါင်းဆောင်လို့ပဲ သဘောထားထား၊ ပြဿ     နာမရှိဘူး...။ အလုပ်ဖြစ်ရင် ရပြီ...။'' 

ဟန်ဆန်းက ယန်းမန်လီကို ပြောလိုက်တယ်။

ယန်းမန်လီဟာ အလုပ်တွေကို တရက်တရက် မနည်းပြီးအောင် လုပ်ရတယ်။ ဒီနေ့လည်း သူမဟာ လုပ်စရာတွေကို အမြန်ပြီးအောင်လုပ်ပြီး ဟန်ဆန်းကို တွေ့ဖို့ လခဲ့တယ်။ သူမမှာ ဟန်ဆန်းနဲ့ အရေးတကြီး ဆွေးနွေးစရာရှိပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now