826 - 830

192 19 0
                                    

Super God Gene (826)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၂၆)
-------- --------- -------- ------- --------
လူတွေက ဟန်ဆန်းဟာ အသက်နဲ့ ရင်းပြီး စွန့်စားတယ်လို့ ထင်ကြတယ်။ ကောင်းကင်အတုသိုင်းဟာ ခံစစ်လုံးဝမပါတဲ့ တိုက်စစ်သီးသန့်သိုင်းဆိုတာကို သူတို့မမေ့ကြပါဘူး။ ပြီးတော့ ကောင်းကင်အတုသိုင်းဟာ ကြောက်မက်ဖွယ်ကောင်းတယ်။ ပြိုင်ဖက်ရဲ့ အားနည်းချက်တွေကို လက်ဦးမှုယူပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ကာ ပြိုင်ဖက်ကို သတ်ဖြတ်ဖျက်ဆီးနိုင်တယ်။ ဒါပေမဲ့လဲ ပြိုင်ဖက်က ကိုယ့်ထက်မြင့်ရင်တော့ ထိရောက်မှုမရှိပါဘူး။ 

အခြားတဖက်က ကြည့်ရင်တော့ ကောင်းကင်အတုသိုင်းကို လူနဲ့ တိုက်ခိုက်တဲ့နေရာမှာ သုံးမလား၊ ခြူ ရာနဲ့ တိုက်ခိုက်တဲ့နေရာမှာ သုံးမလားဆိုတဲ့ အချက်တွေအပေါ်မှာလဲ မူတည်သေးတယ်။ ပြိုင်ဖက်နှစ်ယောက်အကြားကွာခြားမှုကလဲ စကားပြောသေးတယ်။ ကွာဟမှုကြီးရင် ထိခိုက်မှုကြီးမယ်။ ကွာဟမှုနည်းရင် ထိခိုက်မှုနည်းပါမယ်။

ကောင်းကင်အတုသိုင်းဟာ နာမည်တလုံးနဲ့မို့ တော်ဝင်ခြူ ရာကို အမှန်တကယ် တားဆီးနိုင်လိမ့်မယ်လို့ လူတွေက ယူဆကြတယ်။

ဒါပေမဲ့လဲ အဲ့ဒီလူတွေဟာ ကောင်းကင်အတုသိုင်းကို ဟန်ဆန်းကျင့်မထားဘူးဆိုတာ သိမထားတာကြောင့် ဟန်ဆန်းသုံးလိုက်တဲ့ လက်သီးသိုင်းကို မြင်တဲ့အခါ ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြတယ်။
-------- --------- -------- ------- --------
'' မိုးကြိုးလက်သီးသိုင်း! ကောင်းကင်အတုသိုင်းလဲ မဟုတ်ဘူး၊ သူက ဘာဖြစ်လို့ ကောင်းကင်အတုသိုင်း မသုံးတာလဲ ''

သက်ကြီးပိုင်းလူဟာ တုန်လှုပ်သွားတယ်။

'' သူက ကောင်းကင်အတုသိုင်း မတတ်ဘူးလား ''

သက်လတ်ပိုင်းလူဟာ ခေါင်းရှုပ်ပြီး စဉ်းစားမရဖြစ်သွားတယ်။
-------- --------- -------- ------- --------
'' ဘာဖြစ်လို့ မိုးကြိုးလက်သီးသိုင်း ဖြစ်နေတာလဲ ''

ဂျီယန်ဝူလဲ လွှတ်ခနဲ အော်မိသွားတယ်။ လိုချိုင်ထန်ရဲ့ မြေး၊ လိုစုဟန်ရဲ့ သားက ကောင်းကင်အတုသိုင်းကို မသုံးတာဟာ ယုံရခက်ကြီးပါပဲ။
-------- --------- -------- ------- --------
လူတိုင်းလူတိုင်းဟာ လိုက်ဗ်ဗီဒီယိုကို ကြည့်ပြီး အံ့အားသင့်သွားကြတယ်။ ဒီအထဲမှာ အံ့အားအသင့်ဆုံးသူကတော့ လိုချိုင်ထန်ပါပဲ။ သူဟာ ဗီဒီယိုကို ကြည့်ရင်း မတ်တတ်တောင် ရပ်မိသွားတဲ့အပြင် ပါးစပ်ကလဲ အသံထွက်ပြီး ပြောမိသွားတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now