436 - 440

236 18 0
                                    

Super God Gene (436)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၃၆)
-------- --------- -------- ------- --------
"အရမ်းကောင်းတယ်...၊ ကာနယ်...။''

စားဖိုဆောင်သို့်
ပြန်ရောက်ပြီးနောက် ဟန်ဆန်းက တပ်စုခေါင်းဆောင်ဖက်တီးကို လက်မထောင်ပြလိုက်တယ်။

"တောမှာ သွားကောင်း...။ ငါ မင်းကို အာဟာရအစီအစဉ် သွားပို့ခိုင်းလိုက်တာ...၊ ဘာလို့ ဒီလောက်ကြာနေတာလဲ...။''

ဖက္တီးက
ဟန်ဆန်းကို စိတ်တိုတိုနဲ့ ဆူလိုက်တယ်။

"ကက်ပတိန်က အစီအစဉ်ကို ပြန်သုံးသပ်ပြီး မေးခွန်းတွေ မေးနေလို့...။ ငါက လူသစ်ဆိုတော့ ဘာမှမသိဘူးလေ...။ အဲ့တော့ ငါဖြေသမျှ အမှားတွေချည်းပဲ...။ အဲဒါကြောင့် ကြာနေတာ...။ ဒါတောင် သူမက ငါ့ကို နည်းနည်းပဲ ဆူလိုက်တယ်...။ နောက်ပြီး ငါက ဝမ်ဟိုကို ဝင်တိုက်မိတယ်...။ အဲ့ဒီအချိန်မှာ မင်းက အချိန်မီ ဝင်ကယ်လိုက်တယ်...။''

ဟန်ဆန်းက
နည်းနည်းပါးပါးစဉ်းစားပြီး ဆင်ခြေပေးလိုက်တယ်။

"နောက်ဆို ဝမ်ဟိုနဲ့ မငြိစေနဲ့...။''

ဖက်တီးက ပြောလိုက်တယ်။

"ကျေးဇူးပဲ...၊ ကာနယ်...။''

ဟန်ဆန်းက
ဝမ်ဟိုကို မကြောက်သော်လည်း ပြဿ     နာတက်မှာတော့ ကြောက်ပါတယ်။

ဂျီရန်လန်ကလည်း
"ဒီစစ်သင်္ဘောပေါ်က လူတိုင်းမှာ ရှုပ်ထွေးတဲ့ ကျောထောက်နာက်ခံတွေရှိတယ်''လို့ ပြောထားပါတယ်။ အဲ့ဒါကြောင့် သူဟာ ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရပါ။

"မင်းက ငါ့လူ...။ မင်းကို ဘယ်သူမှ ထိလို့ မရဘူး...။ အပြစ်ပေးစရာရှိရင်လည်း ငါပဲ ပေးမယ်...။''

ဖက္တီးက
ဟန်ဆန်းကျောကို တချက်ရိုက်ကာ ပြောလိုက်တယ်။

"မင်းအလုပ် မင်းသွားလုပ်...။''
-------- --------- -------- ------- --------
ပုံဆောင်ခဲလူသားတွေရဲ့
အကြွင်းအကျန်တွေရှိတဲ့ ဂြိုလ်သို့ ရောက်ဖို့ သုံးလခန့် ကြာမယ်လို့ ဟန်ဆန်း သိခဲ့ပါတယ်။

အဲ့ဒါကြောင့်
ဟန်ဆန်းဟာ အခြားသူတွေနဲ့ ဂျူ တီအလှည့်ချင်းလဲကာ နတ်ဘုရားကမ္ဘာကို သွားဖို့ လျှောက်လွာတင်လိုက်ပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
နတ်ဘုရားကမ္ဘာသို့ တယ်လီပို့ယာဉ်နဲ့ သွားခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now