226 - 230

255 25 0
                                    


အခန်း (၂၂၆)
-------- --------- -------- ------- --------
နှစ်ဝက်အကဲဖြတ်
စာမေးပွဲကြီးပြီးနောက် ဟန်ဆန်းဟာ ဂျီရန်လန်, ကူလီလီနဲ့ သူ့အခန်းဖော်တွေကို ကဖီးကို ခေါ်သွားခဲ့ပါတယ်။

"ဟန်ဆန်း..., ငါတို့အားလုံး လူချင်းတူပြီး ဘာလို့ကွဲနေတာလဲ...။ ငါဆိုရင် ရည်းစားလည်းမထားဘူး...။ ဂိမ်းလည်းမကစားဘူး...။ ငါ့အချိန်တွေအကုန်လုံးကို လေးပညာထဲမှာ မြုပ်နှံထားခဲ့တယ်...။ ဒါတောင်မှ ငါရတာ အဆင့်(၇)တဲ့...။ မင်းကျတော့ ဝါးဖရိမ်မောင်းလိုက်, ဖြူမည်းလက်ဝှေ့ထိုးလိုက်, ရည်းစားလေးနဲ့ ချိန်းလိုက်နဲ့...။ ဒီကြားထဲ လေးဌာနမှာလည်း လာပြီး မလေ့ကျင့်ခဲ့ဘူး...။ အဲ့လိုနေပြီး ဂုဏ်ထူးအဆင့် (၈) ရတယ်...။ လုံးဝမတရားဘူး...။''

ရှီဇီခန်က ပြောလိုက်ပါတယ်။

"အေး..., မင်းပဲပြော...။ မင်းလည်း တချိန်လုံး ဟဲဗီးဝါးဖရိမ် အသင်းကို သွားနေပြီးတော့များ...။ ဟန်ဆန်းကို သွားပြောနေသေးတယ်...။''

လူမိန်းက ပြောလိုက်ပါတယ်။

"လူမိန်း..., မင်းက ဘယ်သူ့ဘက်ကလဲ...။''

ရှီဇီခန်က
လူမိန်းကို စိုက်ကြည့်လိုက်ပါတယ်။

"မင်းဘက်က မဟုတ်ဘူး...။ ဟားဟားဟား...။''

လူမိန်းက ရယ်လိုက်ပါတယ်။

"...''
-------- --------- -------- ------- --------
ညစာစားပြီးနောက်
သူငယ်ချင်းတစုဟာ ကာရာအိုကေသွားဆိုကြပါတယ်။ ပြီးရင် ညနက်တဲ့အထိ ဂိမ်းဆော့ကြပါတယ်။ ဟန်ဆန်းက ရှီဇီခန်ကို ကူလီလီကို ခေါ်ထုတ်သွားဖို့ အချက်ပြလိုက်ပါတယ်။ ဒါမှ သူနဲ့ဂျီရန်လန် နှစ်ယောက်တည်းတွေ့ရမှာလေ။
-------- --------- -------- ------- --------
"ရှင်က ကျမနောက်ကို ဘာလုပ်ဖို့ လိုက်လာတာလဲ...။''

ဂျီရန်လန်တို့အဆောင်ဂိတ်ဝ၌...

ဟန်ဆန်းက
သူမနောက်ကကပ်ပြီး လှေကားပေါ်လိုက်တက်လာလို့ ဂျီရန်လန်က မေးလိုက်ပါတယ်။

"ငါက မင်းအိပ်ရာကို နွေးအောင်လုပ်ပေးမလို့...။''

ဟန်ဆန်းက
သွားဖြဲကာ ပြောလိုက်ပါတယ်။

"အို..., မလိုပါဘူး...။''

သူမက
ရှက်ရမ်းရမ်းကာ ပြောလိုက်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now