481 - 485

217 19 0
                                    

Super God Gene (481)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၈၁)
-------- --------- -------- ------- --------
ကွင်ရှန်က
ဟန်ဆန်းဆီသို့ မိုးကြိုးဓားသိုင်းရဲ့ ကျူ တိုရီရယ်ဗီဒီယိုဖိုင်ကို လှမ်းပို့လိုက်တယ်။ အဲ့ဒီနောက် ဟန်ဆန်းရဲ့ သင်ကြားမှု  စတင်ခဲ့ပါတယ်။

နာရီဝက်ဆိုတာ
တိုတောင်းတဲ့ အချိန်ပါ။ နည်းစနစ်တချို့ကို ရှင်းလင်းသရုပ်ပြပြီးနောက်မှာ ဟန်ဆန်းက ကွင်ရှန်ကို နှစ်ကြိမ်တိတိပြန်လုပ်ခိုင်းခဲ့တယ်။ ဒီလိုနဲ့ နာရီဝက်ဟာ ကုန်မှန်းမသိ ကုန်သွားခဲ့ပါတယ်။

"ရှင့်ကို ကျမ ဘယ်လို ခေါ်ရမလဲ...။''

သင်တန်းပြီးနောက်
ကွင်ရှန်ဟာ ဟန်ဆန်းကို ရှေးကထက် ပိုလေးစားသွားတယ်။ သူ့ရဲ့ ပေါ့ပေါ့ပါးပါး သာမန်စကားတွေကတောင် သူမကို အတွေးနက်စေခဲ့တယ်။ သူမရဲ့ ပြိုင်ဘက်ဟာ ဇာတ်မြုပ်နေတဲ့ သိုင်းဆရာကြီးဖြစ်တယ်လို့ သူမဟာ ပိုလို့ပိုလို့ ယုံကြည်သွားခဲ့တယ်။ ဘယ်စစ်တပ်က သိုင်းဆရာကြီးလည်းဆိုတာတော့ သူမ မခန့်မှန်းတတ်ပါ။

"ငါ့ကို စစ်သားလို့ပဲခေါ်...။''

ဟန်ဆန်းက
ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ သူဟာ သူ့ရဲ့ အစစ်အမှန်ဘဝကို တခြားလူတွေကို ထုတ်မပြချင်ပါ။ သူကိုယ်တိုင်လည်း သူမ ဘယ်သူဆိုတာကို စိတ်မဝင်စားပါ။ မသိချင်ပါ။ သူ့မျက်လုံးထဲမှာ သူမကို ခြေလှမ်းသိုင်းသင်ပေးခြင်းဟာ လုပ်ငန်းတခုဆိုတာထက် မပိုပါ။

"ဒါဆိုလည်း ရှင့်ကို နည်းပြ လို့ပဲ ခေါ်တော့မယ်...။''

သူဟာ
သိုင်းထိပ်သီးဆရာကြီးဖြစ်တယ်လို့ သူမဟာ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ဘဝမှန်ကို ဖုံးကွယ်ထားလိုတယ်လို့ နားလည်လိုက်ပါတယ်။

"မင်းသဘောပဲ...။''

ဟန်ဆန်းဟာ
ကွင်ရှန်ကို ဖရန့်အဖြစ်လက်ခံပြီး ပုံရိပ်ယောင်လေ့ကျင့်ရေးစခန်းမှ ထွက်ခဲ့တယ်။ သူဟာ ကွင်ရှန်နဲ့ တိုက်ခိုက်ပြီးနောက် နားလည်မှုအသစ်တွေ အများကြီး ထပ်ရခဲ့တယ်။ အဲ့ဒီနားလည်မှုတွေကို ကိုယ်ပိုင်ဖြစ်အောင် တယောက်တည်း ဆက်လေ့ကျင့်ရဦးမယ်။
-------- --------- -------- ------- --------
ဟန်ဆန်းထွက်သွားပြီးနောက်
ကွင်ရှန်ဟာ ဟန်ဆန်းသင်ပေးခဲ့တာတွေကို အသေးစိတ် ပြန်ကြည့်ပြီး ထပ်ခါတလဲလဲ လေ့ကျင့်နေခဲ့တယ်။ လေ့ကျင့်လေ...၊ ဟန်ဆန်းကို ပိုပြီး လေးစားမိလေပါ...။ ခြေလှမ်းသိုင်းဟာ ရိုးရှင်းသော်လည်း အပြောင်းအလဲများစွာပါပါတယ်။ အပြောင်းအလဲတွေကလည်း ရှာဖွေလေ တွေ့ရှိလေပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now