206 - 210

263 24 0
                                    


အခန်း (၂၀၆)
-------- --------- -------- ------- --------
မကြာမီ...
နာလန်ခံစားသိနေတဲ့ အံ့ဩမှုဟာ လွင့်ပြယ်ပျောက်သွားပါတယ်။ ဟန်ဆန်းအတွေးကို သူမသိနိုင်သော်လည်း လှုပ်ရှားမှုကိုတော့ သူမြင်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ
တဖက်လူမျက်စိမှောက်အောင် လှည့်စားတတ်ပါတယ်။ ဒါပေမဲ့... ဒီလှည့်စားမှုဟာ ရေကသိုဏ်းကျင့်စဉ်အောက်မှာ အလုပ်ဖြစ်မှာမဟုတ်ပါ။ သူဟာ ဟန်ဆန်းကြွက်သားတွေရဲ့ တလက်မချင်းလှုပ်ရှားမှုတွေကို ကြည့်ထားပါတယ်။ ဒါကြောင့်... သူ့ကို အရူးလုပ်ဖို့ဆိုတာ မလွယ်ပါ။

လူတယောက်ဟာ...
ခွန်အားအစစ်ကိုသုံးဖို့ ကြွက်သားတွေကို လှုပ်ရှားရပါတယ်။ ခွန်အားထုတ်ဖို့ ကြွက်သားတွေကို မလှုပ်ရှားဘဲ နေလို့မရပါ။ ဒီလိုအကဲဖြတ်ခြင်းအမျိုးအစားဟာ နာလန်ချွန်နော်အတွက် မခက်ပါ။

နာလန်မျက်လုံးထဲက''ဟန်ဆန်း''မှာ လျို့ဝှက်ချက်မရှိပါ။ ထို့ကြောင့် သူ့ကြွက်သားလှုပ်ရှားမှုအားလုံး, ယုတ်စွအဆုံး, သူအသက်ရှူ တဲ့အမြန်နှုန်းပါမကျန်, နာလန်ဟာ စိတ်ထဲပုံနှိပ်ကာ မှတ်ထားလိုက်ပါတယ်။

"လက်သီးဖြူ...!''

နာလန္က...
အကဲဖြတ်လိုက်ပါတယ်။ ဟန်ဆန်းဟာ ''လက်သီးမည်း''အတွက် သုံးရမယ့်ကြွက်သားတချို့ကို သုံးတယ်ဆိုရုံလေး,သုံးထားကတည်းက ဒီလက်သီးဟာ ''လက်သီးဖြူ ''ဖြစ်တယ်ဆိုတာ သေချာပါတယ်။

နာလန်ဟာ
ဟန်ဆန်းလက်သီးကို လက်သီးဖြူ လို့ ဆုံးဖြတ်ထားသော်လည်း, လိုအပ်ရင်ရှောင်လို့ရအောင်လည်း ပြင်ဆင်ထားပါတယ်။ ဒီလိုလုပ်တာ သူ့အကဲဖြတ်ချက်ကို သူမယုံလို့မဟုတ်ပါ။ ပြိုင်ဘက်ကို လေးစားလို့ပါ။

နာလန်အမြင်တွင်
ဟန်ဆန်းဟာ ထိပ်တန်းကစားသမားအဆင့်မှာ ရှိပါတယ်။ ဒါပေမဲ့... ဟန်ဆန်းရဲ့လှည့်စားချက်က သူ့ကို အရူးလုပ်ဖို့ မလုံလောက်ပါ။ သူရင်ဆိုင်ယှဉ်ပြိုင်ဖူးတဲ့ လူတွေထဲမှာ, မဟာမိတ်ဗဟိုစစ်တက္ကသိုလ်မှ တယောက်ကသာ သူ့ကို အရူးလုပ်နိုင်ခဲ့ပါတယ်။

ထိုလူဟာ...
လက်သီးဖြူ ကို လက်သီးမည်း, လက်သီးမည်းကို လက်သီးဖြူ လုပ်နိုင်ခဲ့ပါတယ်။ သူနဲ့နှိုင်းယှဉ်ရင်, ဟန်ဆန်းက မပြည့်စုံသေးပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now