271 - 275

218 17 0
                                    


အခန်း (၂၇၁)
-------- --------- -------- ------- --------
လွံဟာ
မြင်းစီးသူရဲကောင်း လူတူသားရဲရဲ့ လှံပါ။ ဒီလှံဟာ ဘယ်သားရဲဝိဉာဉ်လက်နက်နဲ့မဆို ယှဉ်လို့ရပါတယ်။ အခုတော့ ဒီလှံဟာ ရွှေခြင်္သေ့ လေးရဲ့ အမွေးကိုတောင် ပြတ်အောင် မဖြတ်နိုင်ပါ။ ဘယ်လိုဖြစ်တာပါလိမ့်။

ရွှေခြင်္သေ့ကြီးဟာ
အလွန်သန်မာအားကောင်းတဲ့ သားရဲဖြစ်သော်လည်း ရွှေခြင်္သေ့လေးကတော့ အခုမှ မွေးကင်းစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့မှာ သန်မာတဲ့ မွေးရာပါဗီဇ ပါလာပါတယ်။ ဒါကြောင့် သူ့ခန္ဓာကိုယ်ဟာ ထွတ်မြတ်သွေးအဆင့်ရှိတဲ့ လှံနဲ့ ထိုးလို့တောင် မပေါက်တာပါ။

ဟန်ဆန်းဟာ
ရွှေခြင်္သေ့လေးကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ခဲ့ပါ။ ဒါပေမဲ့ သူ့လှံချက်တွေဟာ ရွှေခြင်္သေ့လေးရဲ့ ဒေါသကိုတော့ ဆွပေးနိုင်ခဲ့ပါတယ်။ နာကျင်မှုက လှုံ့ဆော်ပေးတာကြောင့် ရွှေခြင်္သေ့လေးဟာ မျက်လုံးပွင့်လာပါတယ်။ သူ့မျက်လုံးတွေဟာ အလုံးစုံမပွင့်သေးသော်လည်း ကြောက်စရာအကြည့်က ရွှေရောင်မျက်စိသူငယ်အိမ်ထဲမှာ အထင်းသား ပေါ်နေပါတယ်။

မျက်လုံးပွင့်လာတဲ့
ရွှေခြင်္သေ့လေးဟာ ဒယိမ်းဒယိုင်နဲ့ ထလာပြီး တိုးတိုးလေး အော်လိုက်ပါတယ်။ ပြီးနောက် ဟန်ဆန်းကို ကိုယ်လုံးနဲ့ ဝင်ဆောင့်လိုက်ပါတယ်။

မွေးမွေးချင်း ထချရတဲ့
အခြေအနေက ပုံမှန်မဟုတ်သော်လည်း ရွှေခြင်္သေ့လေးဟာ အတော်ကြောက်စရာကောင်းပါတယ်။

ဟန်ဆန်းဟာ
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ ပြီးနောက် ရွှေခြင်္သေ့လေးရဲ့ မျက်လုံးတဖက်ကို လှံနဲ့ ထိုးလိုက်ပါတယ်။

ဟန်ဆန်းဟာ
ရစ်အားကို အသုံးပြုပြီး လှံနဲ့ ထိုးလိုက်တာဖြစ်ပါတယ်။ လှံခေါင်းဟာ ရွှေခြင်္သေ့ လေးရဲ့ မျက်လုံးထဲကို လျှပ်စစ်လွန်ပူကဲ့သို့  တဝီဝီလည်ကာ ဝင်သွားပါတယ်။

"ဝေါင်း...။''

ရွှေခြင်္သေ့လေးဟာ
နာနာကျင်ကျင်အော်ပြီး လှိမ့်ထွက်သွားပါတယ်။

ဟန်ဆန်းဟာ
ပိုလို့အံ့အားသင့်သွားပါတယ်။ သူဟာ လှံထဲမှာ အားတကုန် ထည့်သုံးထားပါတယ်။ ပစ်မှတ်အနေနဲ့လည်း တကိုယ်လုံးမှာ အားအနည်းဆုံးဖြစ်တဲ့ မျက်လုံးကိုမှ ရွေးထိုးခဲ့ပါတယ်။ ဒါတောင် ရွှေခြင်္သေ့လေးရဲ့ မျက်လုံးဟာ အထိအခိုက်,ဒဏ်ရာမရှိ ပကတိအတိုင်းပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now