461 - 465

225 21 0
                                    

Super God Gene (461)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၆၁)
-------- --------- -------- ------- --------
ကျန့်ကောရှုံးဟာ
သန္ဓေပြောင်းသားရဲတွေရဲ့ အလယ်မှာ ရောက်နေတဲ့ ဟန်ဆန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀က သူလည်း ဟန်ဆန်လို ရဲရင့်ခဲ့ဖူးတယ်။

အဲ့ဒီအချိန်က
ထွတ်မြတ်သွေးသားရဲတကောင်ကို အမဲလိုက်ဖို့တောင် မလွယ်ကူတဲ့ ခေတ်ပါ။ သူဟာ လုံ့လဝီရိယ၊ ပင်ကိုအရည်အချင်း၊ မိသားစုအထောက်အပံ့တွေကို သုံးပြီး ထွတ်မြတ်သွေးအမှတ် တရာရအောင်လုပ်ကာ ပထမနတ်ဘုရားကမ္ဘာမှ ထွတ်မြတ်သွေးဘွဲ့ကို ရယူနိုင်ခဲ့တယ်။

ဒုတိယနတ်ဘုရားကမ္ဘာသို့
ရောက်ပြီးနောက် သူ့ရဲ့ အနာဂတ်အိပ်မက်တွေဟာ တောက်မယ့်မီးခဲ တရဲရဲလို့ ထင်မိခဲ့တယ်။ ဒါပေမဲ့ သူဟာ ကံမကောင်း အကြောင်းမလှဘဲ ဆိုးရွားကြောက်မက်ဖွယ်ကောင်းတဲ့ နေရာကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ လှပတဲ့ အနာဂတ်ဟာ အဆုံးသတ်ခဲ့ရတယ်။

အခုရောက်နေတဲ့
နေရာမှာ သန်မာတဲ့ အဖော်တွေမရှိပါ။ အဆင့်မြင့်သားရဲဝိဉာဉ်တွေ မရနိုင်ပါ။ သူဟာ ရှေးဦးသားရဲကိုတောင် အသက်စွန့်ပြီး အမဲလိုက်ခဲ့ရတယ်။ အမဲလိုက်တဲ့ နေရာမှာလည်း  ဝိဉာဉ်ရဲတိုက်နဲ့ သားရဲအုပ်စုကြီးတွေကို ရှောင်ရတယ်။

အစောပိုင်းနှစ်တွေမှာ
ကျန့်ကောရှုံးဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်ခဲ့သေးတယ်။ ဒီနေရာမှာ ရှေးဦးအမှတ် တရာရဖို့ နေနေသာသာ...၊ ရိုးရိုးအမှတ် တရာရဖို့တောင် မလွယ်ကြောင်း ကျန့်ကော့ရှုံး တွေ့ရှိခဲ့တယ်။

ကျန့်ကောရှုံးဟာ
ရိုးရိုးသားရဲကို မသတ်နိုင်ဘူးလို့ မဆိုလိုပါ။ သူဟာ ရိုးရိုးသားရဲကို သတ်နိုင်ပါတယ်။ ဒါပေမဲ့ အမှတ်တရာပြည့်ဖို့ သားရဲတမျိုးတည်းကို စားလို့မရပါ။ အမျိုးစုံအောင် စားရပါတယ်။ သူနေတဲ့ ရေခဲဂူရဲ့ အနီးအနားမှာ ရိုးရိုးသားရဲ တမျိုး,နှစ်မျိုးသာ ရှိပါတယ်။ အဲ့ဒီရိုးရိုးသားရဲ တမျိုး,နှစ်မျိုးကို သတ်မှတ်ချက်ပြည့်အောင်စားပြီးနောက် သူ့ရဲ့ ရိုးရိုးအမှတ်ဟာ ထပ်တိုးမလာတော့ပါ။ အမှတ်ထပ်လိုချင်ရင် ဝိဉာဉ်ရဲတိုက်အလွန်ကို အမဲလိုက်ထွက်ရပါမယ်။ ဒါပေမဲ့ သူဟာ ဝိဉာဉ်ရဲတိုက်ကို ကျော်ပြီး အမဲမလိုက်ရဲပါ။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now