906 - 910

208 20 0
                                    

Super God Gene (906)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၀၆)
-------- --------- -------- ------- --------
ဟန်ဆန်းနဲ့ ချွီလန်ရှီတို့ဟာ ချူ းမင်ဆီကို အပြေးသွားခဲ့ကြတယ်။ သူတို့မှာ ဖြုန်းစရာ အချိန်မရှိပါဘူး။ ဂိတ်တံခါးကို ရောက်တော့ ချိတ်ဆွဲခံထားရတဲ့ ချူ းမင်ကို တွေ့ရတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ စေးကပ်နေတဲ့ သွေးတွေ၊ သွေးထွက်နေဆဲ ဒဏ်ရာတွေနဲ့၊ မြင်ရက်စရာ မရှိဘူး။ သူဟာ သေခါနီး အသက်ငင်နေသလိုပဲ။

ဟန်ဆန်းဟာ ဒေါသ ထောင်းခနဲ ထွက်သွားတယ်။ တတိယနတ်ဘုရားကမ္ဘာမှာ လူသားတွေဟာ အဆင့်အတန်းမရှိတဲ့ ကျွန်တွေလို ဆက်ဆံခံရတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှဘဲ အမှားနည်းနည်းလေးအတွက် ရက်ရက်စက်စက် အသက်ထွက်မတတ် အပြစ်ပေးခံကြရတယ်။

ဟန်ဆန်းဟာ အပြစ်ရှိသလို ခံစားနေရတယ်။ သူသာ သစ်ပင်ကို ပြန်ရှင်အောင် မလုပ်ခဲ့ရင် ချူ းမင်ဟာ ဒီလိုမျိုးခံစားရမှာ မဟုတ်ဘူး။ ချူ းမင်ဟာ ဒီအပြစ်ဒဏ်နဲ့ မထိုက်တန်ပါဘူး။

ချွီလန်ရှီဟာလဲ ငြိမ်မနေနိုင်တော့ဘူး။ သူမဟာ ဒေါသ အကြီးအကျယ် ထွက်ပြီး ချူ းမင်ကို သွားဖြုတ်ပေးဖို့ လုပ်လိုက်တယ်။

ဟန်ဆန်းကတော့ သတိရှိတယ်။ ချွီလန်ရှီလို မျက်ကန်းတစ္ဆေမကြောက် ကမူးရှူ းထိုး မလုပ်ဘူး။ သူက ချွီလန်ရှီကို အမြန် တားလိုက်တယ်။ သူက သူမကို အခြားသူတွေ ဗြုန်းခနဲ ရှာမတွေ့နိုင်တဲ့ နေရာတခုဆီ ဆွဲခေါ်သွားခဲ့တယ်။

'' မဆင်မခြင် မလုပ်နဲ့၊ ချူ းမင်ကို ကယ်လို့ မရတဲ့အပြင် မင်းပါ ဒုက္ခရောက်သွားမယ် ''

ဟန်ဆန်းက ချွီလန်ရှီရဲ့ လက်မောင်းကို ကိုင်ထားရင်း ပြောလိုက်တယ်။

'' ငါ ငါ ငါ သူသေသွားမှာကို မကြည့်ရက်ဘူး၊ ငါ တခုခု လုပ်မှ ဖြစ်မယ်၊ ငါ့ကို မတားနဲ့ ''

ချွီလန်ရှီက တောင်းပန်လိုက်တယ်။ သူမအသံဟာ အတော်လေး နာကျင်နေတယ်။

'' ငါ သိတယ်၊ ငါလဲ သူ့ကို သေခွင့်မပေးနိုင်ဘူး ''

ဟန်ဆန်းက ခဏနားပြီး ဆက်ပြောလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now