211 - 215

244 24 0
                                    


အခန်း (၂၁၁)
-------- --------- -------- ------- --------
သာမန်အားဖြင့်...
ဒဏ္ဍာရီကျွန်းတကျွန်းမှာ ထွတ်မြတ်သွေးသားရဲတကောင်သာ ရှိတတ်ပါတယ်။ အန္တရာယ်တခုခုနဲ့ ရင်ဆိုင်ရမှာကို ဟန်ဆန်းမကြောက်ပါ။ ထို့ကြောင့် ဟိုသုံးယောက်အလာကိုစောင့်ရင်း ဟန်ဆန်းဟာ ထွတ်မြတ်သွေးသားရဲကို မြင်နိုင်တဲ့သစ်ပင်တပင်ပေါ်မှာ တက်ထိုင်နေလိုက်ပါတယ်။

နာရီဝက်မပြည့်ခင်မှာ
သူတို့သုံးယောက်ဟာ ဟန်ဆန်းခန့်မှန်းထားတဲ့ အချိန်ထက်စောပြီး ရောက်ရှိလာပါတယ်။

သူတို့သုံးယောက်ဟာ
လူတူသားရဲကို မြင်ပြီးနောက် ဟန်ဆန်းလုပ်သလို လိုက်လုပ်ကြပါတယ်။ သူတို့ဟာ လူတူသားရဲနဲ့ အတော်ဝေးဝေးမှာရပ်တန့်ပြီး သားရဲအနီးကိုရောက်အောင် မသွားရဲကြတော့ပါ။

ကောင်းကင်၏သားတော်ဟာ
လက်မ, ဟွမ်ဖူဖင်ချင်တို့နဲ့ တိုင်ပင်ပြီးနောက် ဟန်ဆန်းကို အော်ခေါ်လိုက်ပါတယ်။

"ဒေါ်လာ..., ထွက်ခဲ့...။ ငါတို့ဆွေးနွေးရအောင်...။''

သူတို့ဟာ
လူတူသားရဲကို မြင်ပြီး ကြောက်သွားသလို ဟန်ဆန်းကောက်စားသွားမှာကိုလည်း စိုးရိမ်ကြပါတယ်။

ဟန်ဆန်းက
သူတို့ကို လျစ်လျူ ရှုထားလိုက်ပါတယ်။

နေ့တဝက် ကုန်ဆုံးသွားပါတယ်။

သူတို့ဟာ
သားရဲရှိရာတောင်ကုန်းဆီလည်း မသွားရဲကြပါ။

"ဒေါ်လာ..., ငါတို့စကားပြောရအောင်...။ ငါတို့တခုခုလုပ်ရမယ်...။ ဘာမှမလုပ်ရင် ဘာမှမရဘူး...။''

ကောင်းကင်၏သားတော်ဟာ
စိုးရိမ်နေပါတယ်။ အခြားထွတ်မြတ်သွေးသားရဲဆိုရင် သူဘာမှမစဉ်းစားဘဲ အိမ်ပြန်သွားတာကြာပါပြီ...။

လူတူသားရဲက
အလွန်ရှားပါတယ်။ ဒီတကြိမ်လွဲသွားရင် နောက်တကြိမ် ပြန်မြင်ရဖို့ သူ့အနေနဲ့ မလွယ်တော့ပါ။

သူဟာ
အဆင့်တက်ပြီး ဒုတိယနတ်ဘုရားကမ္ဘာသို့ ရောက်သွားပြီးရင် လူတူသားရဲဝိဉာဉ်ရဖို့ဆိုတာ သူ့အတွက် ပိုခက်သွားပါမယ်။

ကောင်းကင်၏သားတော်ဟာ
ဟန်ဆန်းကို အလွန်တရာမုန်းတာတောင်မှ သူဟာ ဒေါ်လာကို အလုပ်အတူလုပ်ဖို့ ခေါ်နေပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now