261 - 265

255 22 0
                                    


အခန်း (၂၆၁)
-------- --------- -------- ------- --------
"အံ့မခန်း အနက်ရောင်သိမ်းငှက်...။ အံ့မခန်း ဟန်ဆန်း...။ ဒီပွဲကတော့ သမိုင်းကဏ္ဍသစ် ဖွင့်လှစ်လိုက်တဲ့ပွဲပဲ...။ အရင်တုန်းက မဟာမိတ်ဗဟိုကို ဖိအားပေးနိုင်တဲ့အသင်း မရှိခဲ့ဘူး...။ အနက်ရောင်သိမ်းငှက်ကတော့ အောင်မြင်ခြင်းဆီ ခြေတလှမ်းတော့ လှမ်းပြီးပြီ...။ နောက်တလှမ်းကတော့ မဟာမိတ်ဗဟိုရဲ့ အကောင်းဆုံးကစားသမား,ကျင့်ကျီးဝူကြောင့် ပိုခက်လိမ့်မယ်...။''

ဝှမ်ချူချူ က
စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
-------- --------- -------- ------- --------
ပွဲကြည့်ပရိသတ်တွေဟာလည်း
စိတ်လှုပ်ရှားနေကြပါတယ်။

လက်ရှိအခြေအနေမှာ
အနက်ရောင်သိမ်းငှက်ဟာ ကျင့်ကျီးဝူကြောင့် ကစားသမားသုံးယောက် ဆုံးရှုံးထားပါတယ်။ ကျင့်ကျီးဝူဟာ ရှာမှရှားတဲ့ တကယ့်မွန်းစတားပါ။ ကျဉ်းထဲကျပ်ထဲမှာတောင် သူဟာ အနက်ရောင်သိမ်းငှက်က ကစားသမားသုံးယောက်ကို ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့
လက်ရှိအချိန်မှာ
ကျင့်ကျီးဝူဟာ မဟာမိတ်ဗဟိုအသင်းရဲ့ တဦးတည်းသော လက်ကျန်ကစားသမားပါ။
-------- --------- -------- ------- --------
အနက်ရောင်သိမ်းငှက်မှာလည်း
ဟန်ဆန်းနဲ့ လူမိန်းနှစ်ယောက်သာ ကျန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ကျင့်ကျီးဝူကို အပြတ်ရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါ။ သူတို့နှစ်ယောက်ရဲ့ ပစ်ခတ်မှုတွေဟာ အချည်းနှီးသာ ဖြစ်ခဲ့ပါတယ်။

"သူက လူမဟုတ်ဘူး...။''

လူမိန်းက
သစ်ပင်နောက်ကနေ ကော်ဆဲလိုက်ပါတယ်။

"မှန်တယ်...။''

ဟန်ဆန်းလည်း
လူမိန်းနည်းတူ သစ်ပင်တပင်နောက်မှာ ပုန်းနေပါတယ်။
-------- --------- -------- ------- --------
ကျင့်ကျီးဝူဟာ
တောင်ပေါ်ကနေ တဟုန်ထိုး ပြေးဆင်းပြီး သစ်တောထဲကို ဝင်ပြေးသွားပါတယ်။

သစ်တောထဲဝင်ပြီး
သူ့ကို လိုက်ရှာဖို့ဆိုတာ မလွယ်ရေးချ မလွယ်ပါ။
-------- --------- -------- ------- --------
ပြိုင်ပွဲရဲ့ ဒုတိယပိုင်း စတင်ပါပြီ။

ပွဲကြည့်ပရိသတ်တွေဟာ
အသက်ရှူ ဖို့ မေ့နေကြပါတယ်။ ပွဲမစခင်တုန်းက မဟာမိတ်ဗဟိုကို အနက်ရောင်သိမ်းငှက်က ဖိအားပေးကစားနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပါ။ အခုတော့ မထင်မှတ်ဘဲ အနက်ရောင်သိမ်းငှက်ရဲ့ ကစားကွက်ဟာ အလွန်အမင်းအောင်မြင်သွားပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now