156 - 160

278 27 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- --------
အခန်း (၁၅၆)
-------- --------- -------- ------- --------
"ဆန်း..., ငါတို့ကို ဝိုင်းသမကြတော့မယ်...။''

အခြားကစားသမားတွေကဆီက စားတော့,ဝါးတော့မယ့်အကြည့်တွေကြောင့် ရှီဇီခန် စိတ်မသက်မသာ ခံစားလိုက်ရပါတယ်။ သူတို့ ဝိုင်းသမခံရမှာ သေချာပါတယ်။ အခြားကစားသမားတွေဟာ ဟန်ဆန်းနဲ့ ဆေးဗားကေလာကို အလွန်အမင်း မုန်းတီးနေတာကြောင့် ရလာတဲ့အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ပါ။

"ဘာကို ကြောက်နေတာလဲ...။ ကြယ်စင်အုပ်စုကို ငါတို့အခန်း၃၀၄ရဲ့ပါဝါကို ထုတ်ပြရမယ်...။''

ဇောင်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။

"အခန်း ၃၀၄ မဟုတ်ဘူး...။ ဟဲဗီးဝါးဖရိမ်အသင်း...။''

လီဇန်ဇန်က ဇောင်ယန်ကို စကားပြင်ပေးလိုက်ပါတယ်။

"ဒါပေမဲ့...ငါတို့က လူနည်းစု... ။ သူတို့က အုပ်စုလိုက်ဝိုင်းဆော်ကြမှာ...။ မချောင်ဘူး...။''

ဖက်တီးဟာ အတော်ဝမ်းနည်းနေပုံပေါ်ပါတယ်။ ဟဲဗီးဝါးဖရိမ်အသင်းဟာ တောက်ပလာဖို့ မလွယ်ပါ။ အခုတော့ မွန်းတည့်ချိန်မှာမှ နေဝင်ရတော့မယ်။

"တကျောင်းလုံးနဲ့တသင်း...။ ရှုံးရင်တောင်ဂုဏ်ရှိပါတယ်...။''

ဝမ်မိန်မိန်က လေးလေးနက်နက် ပြောလိုက်ပါတယ်။

"ဟုတ်တယ်..., ရှုံးရင်တောင် လွယ်လွယ်နဲ့ မရှုံးစေရဘူး...။''

ငပိန်က ဝင်ပြောလိုက်ပါတယ်။

"မျက်ကန်းဟာ ဘာပြသနာကိုမှ မဖြေရှင်းနိုင်ဘူး...။''

လူမိန်းက တည်ငြိမ်စွာ ပြောလိုက်ပါတယ်။

"ဒီစက်ဝိုင်းပုံကွင်းကို ရွေးချယ်လိုက်တဲ့ ကြယ်စင်အုပ်စုဟာ မိုက်မဲတယ်။ သူတို့က ဟန်ဆန်းဟာ မရှောင်နိုင်ဘူး, မပုန်းနိုင်ဘူးလို့ သူတို့က ထင်တယ်။ ငါတို့က အညံ့မခံ, အရှုံးမပေးဘူးဆိုတာ သူတို့မေ့နေကြတယ်။ သူတို့ဝါးဖရိမ်အသင်းဟာ တော်ချင်တော်မယ်။ ဒါပေမဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုမှာ အတွေ့အကြုံ မရှိကြဘူး...။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ငါတို့အတွက် အခွင့်အလမ်းတွေရှိသေးတယ်...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now