331 - 335

232 25 0
                                    

Super God Gene (331)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၃၃၁)
-------- --------- -------- ------- --------
"ဟန်ဆန်း...''

ကျင်းရီကျယ်ဟာ
သေကံမရောက် သက်မပျောက်လိုက်ပါ။ ဒါပေမဲ့ သူ့မျက်နှာဟာ စက္ကူ ဖြူ တရွက်လို ဖြူ ဖျော့သွားပါတယ်။ သူဟာ လိပ်ကြီးကို တူနက်ကြီးနဲ့ ထုလိုက်တဲ့ ဟန်ဆန်းကို ကြည့်ပြီး မျက်ရည်လည်တဲ့အထိ ကြည်နူးသွားပါတယ်။

"ဘာလုပ်နေတာလဲ...။ ပြေးကြတော့...!''

ဟန်ဆန်းက
လိပ်ကြီးကို စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။

တူနဲ့အထုခံလိုက်ရသော်လည်း
လိပ်ခါင်းဟာ ဘာမှဖြစ်မသွားပါ။ ဟန်ဆန်းဟာ ရာဘာတုံးကို ထုလိုက်ရသလိုမျိုးသာ ခံစားလိုက်ရပါတယ်။

ဟန်ဆန်းဟာ
တုံ့ဆိုင်းမနေဘဲ လိပ်ကြီးကို တူနက်ကြီးနဲ့ ထပ်ထုလိုက်ပါတယ်။

ဟန်ဆန်းဟာ
နတ်ဆိုးခန္ဓာကျင့်စဉ်ကို သုံးလိုက်ပါတယ်။ သူ့နှလုံးဟာ မိုးကြိုးပစ်သလို ခုန်လာပါတယ်။ သူ့သွေးပြန်ကြောတွေဟာ ပြင်းထန်စွာ အလုပ်လုပ်လာပါတယ်။ သူ့သွေးတွေဟာ ရေတံခွန်မှ ရေစီးကျသလိုမျိုး လည်ပတ်စီးဆင်းလာပါတယ်။

တူနက်ကြီးဟာ
လေးလံလွန်းတာကြောင့် လူမင်တာတောင် ၁၂ချက်ခန့်သာ ထုနိုင်ပါတယ်။ ၁၂ချက်ဆိုတာ အမြန်ထုတာမဟုတ်၊ အနှေးထုတာပါ။ လူမင်တာရဲ့ အမြန်နှုန်းနဲ့ လိပ်ကြီးကို ထိအောင်ထုဖို့ဆိုတာ မလွယ်ပါ။ ဟန်ဆန်းဟာ လူမင်တာထက် သန်မာတာမှန်သော်လည်း သူ့ကိုယ်ပိုင်ခွန်အားနဲ့ဆို သူလည်း လိပ်ကြီးကို မထုနိုင်ပါ။ နတ်ဆိုးခန္ဓာကျင့်စဉ်နဲ့ မနိုင်ဝန်သိုင်းကို ပေါင်းသုံးလိုသာ ထုနိုင်တာပါ။

ဟန်ဆန်းဟာ
ဒုတိယထုချက်ကို ကျင့်စဉ်နှစ်ခုပေါင်းသုံးပြီး ထုခဲ့ပါတယ်။

လိပ်ကြီးဟာ
သူ့ခေါင်းကို အမြန်ရုပ်ပြီး တူထုချက်ကို ရှောင်လိုက်ပါတယ်။ ရှောင်ပြီးတာနဲ့ ချက်ချင်း လိပ်ကြီးဟာ ခြေလေးချောင်းကို မြေပြင်မှာ ထောက်ကာ အားယူပြီး ဟန်ဆန်းဆီသို့ အမြောက်ဆန်တခုလို ပျံသန်းလာပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now