616 - 620

234 22 0
                                    

Super God Gene (616)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၁၆)
-------- --------- --------
------- --------
ကျောက်ပုစွန်ဟာ ဟန်ဆန်းနောက်ကို လက်မတွေတထောင်ထောင်နဲ့ ရောက်လာပြီး လက်မကို မြှောက်ကာ ဟန်ဆန်းကို ရိုက်လိုက်တယ်။

ဟန်ဆန်းဟာ မရှောင်နိုင်တော့ဘူးလို့ သိနေတယ်။ ဒီအခြေအနေကို မကိုင်တွယ်နိုင်ရင် သူဟာ ရေမျက်နှာပြင် မရောက်ခင် သေလိမ့်မယ်။

ဟန်ဆန်းဟာ ရင်ဘတ်ပေါ် လက်တင်လိုက်တယ်။ သူ့သွေးတွေဟာ ပွက်ပွက်ဆူနေတယ်။ သူဟာ နတ်သမီးဘုရင်မကို ဆင့်ခေါ်ထားတယ်။ သူဟာ အရိုက်ခံရနိုင်တာကြောင့် အရဲမစွန့်သင့်မှန်း သိပါတယ်။

ဟန်ဆန်းဟာ ငှက်တကောင်ကို ထပ်မံဆင့်ခေါ်လိုက်တယ်။ ခြောက်ပေကျော်မြင့်ပြီး အတောင်ပံလေးခုပါတဲ့ ငှက်တကောင်ဟာ သူ့ရှေ့မှာ ဘွားခနဲ ပေါ်လာတယ်။ ကောင်းကင်၏သားတော်ထံမှ ရခဲ့တဲ့ အတောင်လေးဖက် မိုးကြိုးငှက်ပါ။ (အတောင်လေးဖက် မိုးကြိုးငှက်ကို အခန်း ၅၆၉ မှာ ရရှိခဲ့ပါတယ်။)

"ဂရား...''

ထွတ်မြတ်သွေး အတောင်လေးဖက် မိုးကြိုးငှက်ဟာ ကျောက်ပုစွန်ရဲ့ လက်မတစုံကြောင့် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတယ်။ ဟန်ဆန်းဟာ ရေမျက်နှာပြင်ကို ရောက်ဖို့ အဲ့ဒီအချိန်ကို အသုံးပြုလိုက်တယ်။ ပြီးနောက် အိပ်မက်နတ်ဆိုးအတောင်ပံကို ဆင့်ခေါ်ပြီး ပျံသန်းလိုက်တယ်။ (အိပ်မက်နတ်ဆိုးအတောင်ပံကို အခန်း ၅၂၆ မှာ အသိုက်ထဲမှာ ဥခွဲပြီး ရရှိခဲ့ပါတယ်။)

ပေ ၁၂၀ အမြင့်လောက် ရောက်တဲ့အခါ ဟန်ဆန်းဟာ ဗွမ်းခနဲမြည်သံတသံကို ကျယ်လောင်စွာ ကြားလိုက်ရတယ်။ ကျောက်ပုစွန်ဟာ ရေထဲက ခုန်ထွက်ပြီး ဟန်ဆန်းကို ဖမ်းလိုက်တယ်။ ဒါဟာ သူ့ရဲ့ နောက်ဆုံးအားထုတ်မှုပါ။

ဆဲလ်ပြောင်းကောင်အဆင့် ထွတ်မြတ်သွေးအတောင်ပံရဲ့ အမြန်ဟာ ကျောက်ပုစွန်ကို မမီပါ။ ဒီတိုင်းပျံနေရင်တော့ ဟန်ဆန်းဟာ အဖမ်းခံရမှာ သေချာတယ်။

ဟန်ဆန်းရဲ့ ခြေထောက်နှစ်ချောင်းဟာ မယုံနိုင်စရာ အမြန်နှုန်းနဲ့ ရွေ့ရှားသွားတယ်။ သူဟာ လေရဲ့ အားကို ငှါးရမ်းပြီး ဘေးဘက်ကို ခြောက်ပေကျော် ခုန်လိုက်တယ်။ လက်မတချောင်းဟာ ဟန်ဆန်းနဲ့ ပွတ်ကာသီကာလေး လွဲသွားတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now