486 - 490

232 20 0
                                    

Super God Gene (486)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၈၆)
-------- --------- -------- ------- --------
အနီရောင်ပုံဆောင်ခဲကို
စုပ်ယူပြီးနောက် ဟန်ဆန်းဟာ ဦးနှောက်စွမ်းအား ပိုကောင်းလာတယ်။

တိုက်ပွဲမြေပြင်တခုလုံးရဲ့
မရေမတွက်နိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို သုံးသပ်ပြီး ဟန်ဆန်းဟာ အကောင်းဆုံးစစ်ဆင်ရေးစီမံကိန်းကို သူ့စိတ်ထဲမှာ ရေးဆွဲပြီးပါပြီ။ သူဟာ အခုအချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကြည့်ပြီး တိတိကျကျ အကဲဖြတ်ကာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါပြီ။ ၁၀၀% မတိကျသော်လည်း သူရွေးချယ်ထားတဲ့ လမ်းကြောင်းဟာ အကောင်းဆုံးလို့ ယုံကြည်ပါတယ်။

တိုက်ပွဲဝင်နေတဲ့
လွတ်မြောက်သူတွေဟာ သားရဲစစ်တပ်ထဲရောက်နေတဲ့ လူကို အာရုံစိုက်ထားကြတယ်။ အောင်မြင်ပါစေ လို့လည်း ဆုတောင်းပေးနေကြတယ်။

ထိုအချိန်မှာ
ဟန်ဆန်းရဲ့ သရုပ်ပြမှုဟာ စတင်ခဲ့တယ်။ သားရဲအုပ်ထဲသို့ ရောက်တာနဲ့...၊ တိုက်ပွဲတခုလုံးဟာ သူ့အတွက် စစ်တုရင်ခုံတခုံဖြစ်သွားခဲ့တယ်။

တော်ဝင်ဝိဉာဉ်အပါအဝင်
သားရဲတိုင်းဟာ သူ့စစ်တုရင် ခုံပေါ်က အရုပ်ကလေးတွေဖြစ်သွားတယ်။ သူ့ရဲ့ နောက်ဆုံးပန်းတိုင်က တော်ဝင်ဝိဉာဉ်ကို ကိုယ်စားပြုတဲ့ အရုပ်ကို ဖယ်ရှားပစ်ဖို့ပါ။

ရက်စက်ကြမ်းကြုတ်တဲ့
သားရဲတွေဟာ ဟန်ဆန်းကို ဝိုင်းတိုက်နေတယ်။ ဒါပေမဲ့ ဟန်ဆန်းရဲ့ မျက်လုံးတွေဟာ အေးစက်တည်ငြိမ်လျက်ပါ။ သူ့ရဲ့ ခြေထောက်တွေဟာ လျင်မြန်စွာ ရွေ့ရှားနေတယ်။ သူဟာ သူရေးဆွဲထားတဲ့ ပြေးလမ်းအတိုင်း ပြေးနေတယ်။

ပြေးလမ်းတလျှောက်
ဟန်ဆန်းဟာ သွေးဆောင်ခြင်း၊ လှည့်စားခြင်း၊ တိုက်ရိုက်သတ်ဖြတ်ခြင်းတို့ကို လုပ်ခဲ့တယ်။

ပြေးလမ်းတလျှောက်
ဟန်ဆန်းကို ဘယ်သားရဲမှ မတားဆီးနိုင်ခဲ့ပါ။

မဖြစ်နိုင်တဲ့ အခြေအနေမှာ...၊
ဟန်ဆန်းဟာ တော်ဝင်ဝိဉာဉ်ဆီသွားဖို့ ပြေးလမ်းတလမ်း ဖောက်နိုင်ခဲ့တယ်။ ဒီပြေးလမ်းဟာ အခြားလူတွေအမြင်မှာ မဖြစ်နိုင်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now