231 - 235

248 24 0
                                    


အခန်း (၂၃၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
ကျောက်တုံးတီကောင်ဘုရင် ရဲ့ကျောပေါ်မှာ ရပ်နေပါတယ်။ သူဟာ ကျောက်တုံးတီကောင်ဘုရင်ကိုစီးရင်း သွေးစွန်းသတ်ဖြတ်ကောင်မွန်းစတားရဲ့ ရွှေပုဆိန်ထက် လေးပုံပေါ်တဲ့ တူနက်ကြီးကို တရွတ်တိုက်ဆွဲယူလာခဲ့ပါတယ်။

ဟန်ဆန်းဟာ
တူကိုထမ်းပြီး မပျံသန်းနိုင်ပါ။ ထို့ကြောင့် ကျောက်တုံးတီကောင်ဘုရင်ကို စီးပြီး တရွတ်တိုက်ဆွဲယူလာခဲ့ပါတယ်။ ထွတ်မြတ်သွေးသားရဲရဲ့ အသားက စားလို့မရပါ။ ဒါ့အပြင် သားရဲဝိဉာဉ်လည်း မရခဲ့ပါ။ တူနက်ကြီးသာ အောင်မြင်မှုရဲ့ တခုတည်းသော အထိမ်းအမှတ်ပစ္စည်းပါ။

"ဒီနေ့ ကံမကောင်းပါလား...။''

ဟန်ဆန်းက ညည်းတွားလိုက်ပါတယ်။

နောက်ဆုံးမှာ
ဟန်ဆန်းဟာ တူနက်ကြီးကို သဲတောင်ကြားအပြင်ဘက်ကို ယူလာနိုင်ခဲ့ပါတယ်။ သူက သူ့ကို အံ့အားသင့်စွာ ငေးကြည့်နေတဲ့ ဖင်ချင်ကို မေးလိုက်ပါတယ်။

"ဖင်ချင်..., ဒီထွတ်မြတ်သွေးဂီယာက ဘယ်လောက်တန်မယ်ထင်လဲ...။''

"ဒီတူက အရမ်းလေးတယ်။ အရမ်းအားကောင်းတဲ့လူမှ ဒီတူကို သုံးနိုင်မယ်။ အားမကောင်းတဲ့လူက ဒီတူကို သုံးနိုင်မှာ မဟုတ်ဘူး။ ဒီတူကို ရောင်းမယ်ဆို လေး,ငါးသန်း အများဆုံးပဲ...။ အဲ့ဈေးနဲ့ ရောင်းမယ်ဆိုရင်တောင် ကျမတို့က ဝယ်မယ့်လူကို အတော်ရှာရမယ်...။''

"လေး,ငါးသန်းလည်း ပိုက်ဆံပဲ...။ နောက်တကြိမ် လေလံပွဲကျင်းပတဲ့အခါ ဒီတူကို ထည့်ပြပေးနိုင်မလား...။''

လောလောဆယ်
ဟန်ဆန်းမှာ ငွေပြတ်နေပါတယ်။ လေး,ငါးသန်းဟာ သူ့အတွက် နည်းနည်းလေးမဟုတ်ပါ။

"အင်း..., ရှင်ကျမကို ညစာကျွေးဖို့ ပြောထားတယ်နော်...။ ညစာအတွက် ကုန်မယ့်ငွေကို အဲ့တူဖိုးထဲက ပြန်နုတ်မယ်...။''

ဖင်ချင်က
အပြုံးလေးနဲ့ ပြောလိုက်ပါတယ်။

"အင်း...။''

ဟန်ဆန်းက အမြန်ပြောလိုက်ပါတယ်။

ထွတ်မြတ်သွေးဂီယာကို
ရောင်းဖို့မလွယ်မှန်း ဟန်ဆန်းနားလည်ပါတယ်။ အရင်က သူရောင်းခဲ့တဲ့ ရွှေပုဆိန်ကို သုံးနိုင်သူဟာ အထူးတပ်ခွဲ မှာ တယောက်သာရှိပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now