121 - 125

258 25 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၁၂၁)
-------- --------- -------- ------- ----------
စက္ကန့်အနည်းငယ်ကြာသော်...
ရှီဇီခန်ရဲ့မျက်နှာဟာ ရှုံ့မဲ့သွားပါတယ်။ မျက်လုံးပြူး, လက်တွေတုန်ပြီး အော်ပြောလိုက်ပါတယ်။

"ဆန်း..., ခွေးကောင်..., မင်းက ချန်ပီယံ သေလို့ ပြန်ဝင်စားတာလား...။''

ဗုံတွေဖျတ်ခနဲ,ဖျတ်ခနဲ ပေါ်လာမယ့်နေရာတွေကို ကြိုသိနေတဲ့အလား ဟန်ဆန်းရဲ့လက်တွေ လျင်မြန်စွာရွေ့လျားနေတာကို မြင်ရတဲ့အခါ ရှီဇီခန်ဟာ ပိုလို့ပိုလို့တုန်လှုပ်ပြီး အယောင်ယောင်အမှားမှား ဖြစ်လာပါတယ်။ သူဟာ သူ့အနီးမှာ ပေါ်လာတဲ့ ဗုံတွေကိုတောင် တီးခွင့်မရလိုက်ပါ။

"ရှီ..., မင်းက အသတ်ခံရမယ့်ဝက်လို လာအော်နေတယ်။ ပြဇာတ်ကနေတာတွေ ရပ်လိုက်စမ်းကွာ...။''

ဂိမ်းကစားတာ တဝက်ရောက်နေပြီဖြစ်တဲ့ လူမိန်းက ဟန့်လိုက်ပါတယ်။

ရှီဇီခန်ဟာ လုံးဝ လက်လျော့လိုက်ပါတယ်။ သူဟာ ဆိုင်းချက်နဲ့အညီ ကနေတဲ့ ဟန်ဆန်းရဲ့လက်တွေကို ကြည့်ရင်း ကစားချင်စိတ်လည်း ကုန်ဆုံးသွားပါတယ်။

ရှီဇီခန်က လူမိန်းဘက်လှည့်ပြီး ပြောလိုက်ပါတယ်။

"ဆန်းရဲ့စကေးက လန်ထွက်နေတာပဲ။ ငါတို့အခန်းမှာ အခန်းခေါင်းဆောင်ပဲ သူ့ပြိုင်ဘက် ဖြစ်လိမ့်မယ်။''

လူမိန်းက ပြန်ပြောလိုက်ပါတယ်။

"ရှီ..., မင်းဟာမင်း ရှုံးတာကို...
သူများကို ဆွဲမထည့်နဲ့...။''

"လူ..., မင်း ငါ့ထက်တော်တာ မှန်တယ်။ ဒါပေမဲ့..., မင်း ဆန်းနဲ့ ကစားရင်..., မင်းလည်း ရှုံးမှာသေချာတယ်။''

ရှီဇီခန်က သူ့အသံကိုမြှင့်ပြီး ပြောလိုက်ပါတယ်။

"ဘယ်သူဟာ ဆရာအစစ်လဲ။ ငါ မင်းကို ပြမယ်။ ဒါပေမဲ့ ငါ နိုင်ရင်..., အခန်းသန့်ရှင်းရေးတာဝန်ကို မင်း တလလုံး ယူရမယ်။''

လူမိန်းက ပြောလိုက်ပါတယ်။

ရှီဇီခန်ရဲ့မျက်နှာမှာ အပြုံးတခု ဖြတ်ပြေးသွားပါတယ်။ ဒါပေမဲ့ ချက်ချင်းမျက်နှာပိုးသတ်လိုက်ပါတယ်။ သူဟာ ချီတုံချတုံ ဖြစ်နေဟန်ဆောင်ပြီး ခဏနေမှ ပြောလိုက်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now