416 - 420

235 19 0
                                    

Super God Gene (416)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၁၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
သူ့လက်မောင်းပေါ်က သတိမေ့နေတဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။ သူမရဲ့ အဝတ်အစားတွေဟာ စုတ်ပြဲနေတယ်။ ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေမရှိပါ။ အနီရောင်ကုတ်ရာခြစ်ရာတွေသာရှိပါတယ်။

ဟန်ဆန်းဟာ
မျက်မှောင်ကြုတ်ပြီး ကြံ့ဖြူ ကြီးကို ကြည့်လိုက်တယ်။ ကြံဖြူ ကြီးဟာ တော်ဝင်နတ်မိမယ် နဲ့ တီကောင်ဘုရင်တို့ရဲ့ ဝိုင်းတိုက်ခြင်းကို ခံနေရတယ်။ ဟန်ဆန်း ဝင်တိုက်စရာမလိုတဲ့ ပုံပါ။

ဟန်ဆန်းဟာ
လက်ယာလက်က မိန်းကလေး၊ လက်ဝဲလက်က အမတေကို ကိုင်ကာ ကျောက်တုံးတွေကြောင့် ပျက်စီးသွားတဲ့ တဲထဲသို့ ပြေးဝင်ခဲ့တယ်။ သူဟာ တဲထဲက စောင်တထည်ယူပြီး ခင်းလိုက်တယ်။ ပြီးနောက် မိန်းကလေးကို စောင်ပေါ်မှာ ချလိုက်တယ်။ အဲ့ဒီနောက် အဝတ်စနဲ့ ဖုံးထားတဲ့ အမတေဆီကို ပြေးသွားခဲ့တယ်။

အဝတ္စကို
လှန်လိုက်တဲ့အခါ အမတေသုံးခုက သူ့ကို ကြိုနေတယ်။ တခုက အဝါရောင်ဖြစ်ပြီး နောက်နှစ်ခုက အပြာရောင်ပါ။ အဝါရောင်အမတေက အကြီးဆုံးပါ။ ကျောက်တုံးနဲ့ တူပြီး အချင်း၁၀လက်မခန့်ရှိတယ်။ အပြာရောင်နှစ်ခုအနက် တခုက အချင်း၆လက်မအရွယ် ဒရမ်တလုံးနဲ့ တူပြီး ကျန်တခုက ဘတ်စကက်ဘောနဲ့ တူပါတယ်။

"ကံဇာတာတက်လာပြီ...။ ငါ့ ကံဇာတာတက်လာပြီ...။''

ဟန်ဆန်းဟာ
ထခုန်လုမတတ် ဖြစ်သွားတယ်။ သူ့မျက်လုံးပင် သူ,မယုံချင်ပါ။

ဟန်ဆန်းက
ငုံ့ပြီး အဝါရောင်ပုံဆောင်ခဲကို ယက်ကြည့်လိုက်တယ်။ ထွက်လာတဲ့ အဝါရောင်အရည်ကို မျိုချလိုက်ရာ ကြားနေကျအသံကို ကြားခဲ့ရတယ်။

"စူပါသားရဲ ကမ္ဘာဦးနဂါးရဲ့ အမတေကို စားပြီး...။''

ဟန်ဆန်းဟာ
အလွန်ပျော်သွားပါတယ်။ ဒီပုံဆောင်ခဲတွေဟာ အမတေအစစ်တွေဆိုတာ သေချာခဲ့ပါပြီ။

"ငါ့ဟာတွေ...၊ ဒါတွေဟာ ငါ့ဟာတွေ...။''

ဟန်ဆန်းဟာ
မီညောင်ကို ဆင့်ခေါ်ပြီး လည်ပင်းမှာ အိတ်တလုံးချည်ကာ အမတေတွေကို တခုပြီးတခု ကောက်ထည့်လိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now