556 - 560

221 24 0
                                    

Super God Gene (556)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၅၆)
-------- --------- --------
------- --------
ဟန်ဆန်းဟာ သူ့အခန်းသို့ ပြန်ပြီး နေကျောက်စိမ်းကျင့်စဉ် စက္ကူ ချပ်ငါးချပ်ကို စတင်လေ့လာခဲ့တယ်။ ရှေးဟောင်းဘာသာစကားကို တစိုက်မတ်မတ် လေ့လာခဲ့တဲ့ သူတောင်မှ နေကျောက်စိမ်းကျင့်စဉ်မှ စာသားတွေကို အဓိပ္ပါယ်ဖော်ရာမှာ အခက်အခဲအနည်းငယ်ရှိခဲ့တယ်။

အက္ခရာတွေဟာ အလွန်ရှေးကျတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေဟာ များပြားရှုပ်ထွေးတယ်။ ခြုံပြီးပြောရရင် နေကျောက်စိမ်းကျင့်စဉ်ဟာ ကျောက်ကပ်ကို သန်မာအားကောင်းအောင်လုပ်ပေးနိုင်တဲ့ မျိုးရိုးဗီဇသိုင်းပညာပါ။

သူဟာ ဓာတ်ပုံစက္ကူ ချပ်တွေကို စူးစိုက်ကြည့်မိတဲ့အခါ စက္ကူ ချပ်တွေမှ ထူးဆန်းတဲ့ အော်ရာတခုထွက်လာတယ်။ ဆက်လက်လေ့လာခဲ့ရာ အချိန်ကြာလာတာနဲ့အမျှ ပိုလို့ပိုလို့ နားလည်လာခဲ့တယ်။

အနီးကပ်ကြည့်လေ...၊ ပိုနားလည်လေပါ...။ ဒီလို လျင်မြန်စွာ နားလည်တာဟာ ထူးဆန်းတဲ့ အော်ရာကြောင့်လို့ သူ ထင်မိတယ်။

"အင်း...၊ ဒါကြောင့် နေကျောက်စိမ်းလို့ ခေါ်တာကိုး...။ ကျူ းထင်ပြောသလိုလည်း မဟုတ်ဘူး...။ နတ်ဆိုးခန္ဓာကျင့်စဉ်နဲ့လည်း မတူဘူး...။ ဒါပေမဲ့ နတ်ဆိုးခန္ဓာကျင့်စဉ်က နှလုံးကို သန်မာအောင်လုပ်ပေးတယ်...။ နေကျောက်စိမ်းကျင့်စဉ်က နှလုံးအစား ကျောက်ကပ်ကို သန်မာအောင်လုပ်ပေးတယ်...။''

ဖတ်လို့ပြီးသွားတဲ့အခါ ဟန်ဆန်းဟာ အံ့ဩစွာ ကောက်ချက်ချမိတယ်။

နေကျောက်စိမ်းကျင့်စဉ်ဟာ အလွန်ကောင်းတဲ့ ကျင့်စဉ်ဖြစ်ကြောင်း နားလည်သဘောပေါက်လာလေ...၊ ဟန်ဆန်း ပိုမိုအံ့အားသင့်ရလေပါ...။ ဒီကျင့်စဉ်ဟာ လွယ်လွယ်ကူကူနဲ့ မရနိုင်တဲ့ ကျင့်စဉ်ပါ။ ကျူ းထင်က သူ့ကို ဘာကြောင့် အလွယ်တကူ ပေးတာလဲ။

ဟန်ဆန်းအမြင်မှာ နေကျောက်စိမ်းနဲ့ နတ်ဆိုးခန္ဓာဟာ သိပ်မကွာပါ။ နှလုံးကို အားကောင်းအောင်လုပ်ခြင်းက အားကို တဒင်္ဂတိုးမြှင့်ပြီး တိုက်ခိုက်နိုင်စွမ်းကို မြှင့်ပေးခြင်းလို့ ဆိုလိုရင် ကျောက်ကပ်ကို အားကောင်းအောင်လုပ်ခြင်းကလည်း စွမ်းအားသိုလှောင်ကန်ကို အားဖြည့်ပေးခြင်းလို့ ဆိုနိုင်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now