251 - 255

260 26 0
                                    


အခန်း (၂၅၁)
-------- --------- -------- ------- --------
အနက်ရောင်သိမ်းငှက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို စိတ်ဓာတ်ကျခြင်းလေထုက ဖုံးအုပ်ထားပါတယ်။ ပွဲစဉ်ဇယား ပေါ်ထွက်လာပြီးနောက် အသင်းသားဟောင်းတွေကို စိတ်ထိခိုက်စေတာက ဒုတိယပွဲစဉ်မှာ မဟာမိတ်ဗဟိုစစ်တက္ကသိုလ်အသင်းနဲ့ ထိပ်တိုက်တွေ့နေခြင်းပါ။

မွန်းစတားဆိုတဲ့အမည်က
အသင်းသားဟောင်းတွေအတွက် ဖိအားကြီးတခုပါ။

ပွဲစဉ်ဇယားက
ဆီထူချင်ရဲ့အစီအစဉ်ကို ဖျက်လို့ဖျက်ဆီးလုပ်ခဲ့ပါတယ်။ သူမရဲ့ မူလအစီအစဉ်က ရှေ့ပိုင်းပွဲစဉ်တွေမှာ အလေ့အကျင့်ယူပြီး အသင်းကို အထိုင်ချဖို့ပါ။ အသင်းမှာ ဟန်ဆန်းပါဝင်လာခြင်းနဲ့အတူ ပွဲစဉ်ငါးခုလောက်ကို အတွေ့အကြုံ ယူရင်း ဖြတ်သန်းဖို့ပါ။ အဓိက,က ပြိုင်ပွဲအတွေ့အကြုံ မရှိသေးတဲ့ ဟန်ဆန်းကို အတွေ့အကြုံ ရစေဖို့ပါ။ အခုတော့ ဒုတိယပွဲစဉ်မှာပဲ မွန်းစတားအသင်းနဲ့တွေ့ပြီး ခဲလေသမျှ သဲရေကျခဲ့ရပါပြီ။

ဆီထူချင်ရဲ့ မူလအစီအစဉ်က
အသင်းသားတွေမှာ လုံလောက်တဲ့လေ့ကျင့်မှုနဲ့ ယုံကြည်မှုရရှိပြီးတဲ့အခါမှ မဟာမိတ်ဗဟိုစစ်တက္ကသိုလ် အသင်းနဲ့ ရင်ဆိုင်ဖို့ပါ။ သူတို့အသင်းဟာ မနိုင်ခဲ့ရင်တောင်မှ သူတို့မှာ အကောင်းဆုံးလုပ်နိုင်ခဲ့ခြင်းဆိုတဲ့ ပြစရာတခုရလိုက်မှာပါ။

ဒါပေမဲ့... အခုတော့...
ဒုတိယပွဲစဉ်မှာတင် မွန်စတားနဲ့ ရင်ဆိုင်ရပါပြီ။ ဒီပွဲစဉ်မှာ သူတို့ရှုံးခဲ့ရင် မဟာမိတ်မှာရှိတဲ့ လေးအသင်းတွေရဲ့ အဆင့်သတ်မှတ်ချက်မှာ အနက်ရောင်သိမ်းငှက်အသင်းဟာ မနှစ်ကထက် အဆင့်ကျသွားမှာပါ။ အသင်းမှာ ဟန်ဆန်းပါဝင်လာတာတောင်မှ ဒီပွဲစဉ်မှာ မရှုံးဘူးလို့ သူမဟာ အာမ,မခံနိုင်ပါ။

အနက်ရောင်သိမ်းငှက်အသင်းမှာ
ဟန်ဆန်းတယောက်သာ အားကိုးစရာရှိပါတယ်။ ကျန်လူတွေက အားကိုးလို့မရပါ။ အသင်းသားဟောင်းတွေကလည်း ယုံကြည်ချက်ပျောက်ဆုံးနေပြီး အသင်းသားသစ်တွေကလည်း ပြိုင်ပွဲအတွက် ယုံကြည်လို့မရသေးပါ။

လက်ရှိအခြေအနေက
ဆီထူချင်အတွက် ခက်ခဲခြင်းရဲ့ဟိုဘက်ကို ရောက်နေပါတယ်။ သူမဟာ တယောက်တည်း,ကျိတ်တွေးလိုက်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now