776 - 780

230 20 0
                                    

Super God Gene (776)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၇၆)
-------- --------- -------- ------- --------
" လင်ဘီဖန်း ''

ဟန်ဆန်းက တအံ့တဩ ရေရွတ်လိုက်တယ်။ သူ့ကို မတွေ့ရတာ ကာလအတော်ကြာနေပြီ။ နောက်ပြီး သူ့ကို ဒုတိယနတ်ဘုရားကမ္ဘာမှာ တွေ့ရလိမ့်မယ်လို့လဲ မထင်မိပါဘူး။

" ဒါက ကံကြမ္မာက ဖန်တီးပေးလိုက်တဲ့ တွေ့ဆုံမှုပဲ ''

လင်ဘီဖန်းက ဟန်ဆန်းဆီကို ပြေးလာပြီး တင်းကျပ်စွာ ဖက်လိုက်တယ်။ ပြီးတော့ သေချာအောင် မျက်လုံးပြူ းပြီး ကြည့်လိုက်သေးတယ်။

" အေးပါကွာ၊ ငါသိပါတယ်၊ ဒီလောက်ကြီး မလိုပါဘူး ''

ဟန်ဆန်းဟာ လင်ဘီဖန်းရဲ့ ခံစားမှုကို ခံစားလို့ ရပါတယ်။

လင်ဘီဖန်းဟာ မျက်ရည်တွေကို သုတ်ရင်း သူ့ကိုယ်သူ ပြန်ထိန်းနေတယ်။ ပြီးမှ ဟန်ဆန်းရဲ့ လက်တွေကို ကိုင်ထားရင်း ပြောလိုက်တယ်။

" ဆန်း ငါ မင်းကို ဖမ်းမိပြီ၊ ငါ့မှာကွာ ပိုက်ဆံရှိတာတောင် ညစ်ပတ်တဲ့ ဂဏန်းတွင်းထဲမှာ ဘာမှ ဝယ်လို့ မရဘူး၊ ဒါက အရမ်းစိတ်ပျက်ဖို့ကောင်းတဲ့ ငါ ဖြေရှင်းလို့ မရတဲ့ ကိစ္စပဲ၊ အခု မင်းကို တွေ့ပြီဆိုတော့ မှန်မှန်ကန်ကန် အရောင်းအဝယ် လုပ်လို့ ရပြီ၊ လောလောဆယ် ငါ့ကို ထွတ်မြတ်သွေးသားရဲဝိညာဉ် နှစ်ကောင်ရောင်းကွာ ''

ဟန်ဆန်းဟာ သူပြောတာကို နားထောင်ပြီးနောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို ဖယ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ သူအသည်းအသန်ဖြစ်နေတဲ့ အကြောင်းရင်းကို တစွန်းတစ သိသွားပါတယ်။

" ထွတ်မြတ်သွေးသားရဲဝိညာဉ်တွေက ဝယ်ချင်တိုင်း ဝယ်လို့ ရတဲ့ ပစ္စည်းတွေလို့ ထင်လား၊ နောက်ပြီး တကောင်မဟုတ် နှစ်ကောင်တောင် ''

ဟန်ဆန်းက ရယ်ပြီး ပြောလိုက်တယ်။

" မင်းဆီမှာ ရောင်းဖို့ မရှိလို့တော့ ငါ မထင်ဘူး ''

လင်ဘီဖန်းက ဟန်ဆန်းပြောတာကို အရေးမစိုက်ဘဲ ထွတ်မြတ်သွေးသားရဲဝိညာဉ် နှစ်ကောင်ရောင်းဖို့ကိုပဲ တွင်တွင်ပြောနေတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now