26 - 30

367 26 0
                                    


နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ----------
အခန်း (၂၆)
-------- --------- -------- ------- ----------
မှော်တစ္ဆေသိုင်းကို
အသားချင်းထိသိုင်းလို့သာ နာမည်ပေးသင့်ပါတယ်။

မှော်တစ္ဆေသိုင်းတွင်
လှုပ်ရှားမှုအားလုံးဟာ ပြိုင်ဘက်ရဲ့အဓိကနေရာကို အပီထိုးရန် ရည်ရွယ်ထားပါတယ်။

ရစ်ပတ်ခြင်း, ဆီးကာခြင်း, ကွေ့ဝိုက်ခြင်းစတဲ့ ပျော့ပျောင်းတဲ့လှုပ်ရှားမှုတိုင်းဟာ ခန္ဓာကိုယ်ကို မြွေတကောင်လို လှုပ်ရှားစေပြီး ပြိုင်ဘက်ရဲ့ခြေလက်အင်္ဂါတွေကို ရုန်းလို့မရအောင် ဖြစ်ညှစ်ပါတယ်။

ပြိုင်ဘက်ဟာ
မိန်းမတယောက်ဖြစ်ရင် တဖက်လူရဲ့ မြွေတကောင်လို ဖြစ်ညှစ်လာခြင်းကြောင့် မဟုတ်တဲ့နေရာမှာ သာယာသွားနိုင်ပါတယ်။ သာမန်အမျိုးသမီးဆိုရင် ဘယ်လိုမှမခံနိုင်ဘဲ သိုင်းကွက်တကွက်, နှစ်ကွက်အတွင်းမှာပင် ပွဲသိမ်းသွားပါလိမ့်မယ်။

"မှော်တစ္ဆေသိုင်းကို သုံးပြီး ကွင်ရှန်ကိုတိုက်ရင် ကွင်ရှန်တော့ ငါ့ကို --ာကောင်းလို့ ထင်တော့မှာပဲ...။''

မှော်တစ္ဆေသိုင်းသင်ရန်
ရွေးချယ်မိခြင်းကို ဟန်ဆန်းဟာ ရုတ်တရက် နောင်တရသွားပါတယ်။ ဒါပေမဲ့ သိုင်းခန်းကတော့ ငွေပြန်အမ်းမှာမဟုတ်ပါ။

"မထူးပါဘူး...။ ငါအရင်လေ့လာပြီး နားလည်အောင်လုပ်ရမယ်...။''

ဟန်ဆန်းဟာ
စိတ်ကိုငြိမ်အောင်ထားပြီး အသေအချာကြည့်ရှုကာ မှော်တစ္ဆေသိုင်းကို အလွတ်ကျက်လိုက်ပါတယ်။

အသေးစိတ်လေ့လာပြီးတဲ့အခါ
မှော်တစ္ဆေသိုင်းဟာ အစက သူထင်သလို စက်ဆုပ်စရာသိုင်း,မဟုတ်ပါ။ အဆင့်မြင့်အတတ်ပညာတွေ အများကြီးပါတဲ့သိုင်းပါ။ အထူးသဖြင့် နပန်းလုံးခြင်းနဲ့ အနီးကပ်တိုက်ပွဲများတွင် အထူးအသုံးဝင်ပါတယ်။ အခြားလက်တွေ့အသုံးဝင်တာတွေလည်း အများကြီးရှိပါသေးတယ်။ တကယ့်အကျပ်အတည်းများတွင် အသက်ကိုပင် ကယ်နိုင်ပါတယ်။

မှော်တစ္ဆေသိုင်းဟာ
မာကျောမှုအတွက်ရော, ပျော့ပျောင်းမှုအတွက်ပါ တကယ့်ကို လိုအပ်ချက်တွေ မြင့်မားလှပါတယ်။ သန္ဓေပြောင်း အမှတ်ရာပြည့်နီးပါး ရထားသူအတွက်တောင် အနည်းငယ်သောလိုအပ်ချက်တွေ ရှိနေပါသေးတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now