66 - 70

306 31 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)

အခန်း (၆၆)

ကွင်ရှန်က ဟန်ဆန်းကို အနက်ရောင်သိမ်းငှက်စစ်တက္ကသိုလ်တက်ဖို့ အမျိုးမျိုးတိုက်တွန်းပါတယ်။ စစ်တက္ကသိုလ်တက်ရင်  အကျိုးအမြတ်တွေ အများကြီးရမယ့်အကြောင်းလည်း ပြောပြပါတယ်။
-------- --------- -------- ------- ----------
ဟန်ဆန်းဟာ ကွင်ရှန်ရဲ့ရုံးခန်းမှ အတွေးများစွာနဲ့ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ပါတယ်။

"ကွင်ရှန်က အရမ်းသဘောကောင်းတာပဲ။ ဒါပေမဲ့ အမေနဲ့ညီမလေးကို ဘယ်လိုလုပ်ပြီး ထားခဲ့ရမှာလဲ။ အသက်၂၀ ပြည့်ရင် ငါ စစ်မှုမထမ်းမနေရ ထမ်းရမယ်။ အသက် ၂၀ မပြည့်ခင်တော့ ငါ အိမ်ပြန်ပြီး အမေနဲ့ညီမလေးကို စောင့်ရှောက်ရမယ်။ အဲ့ဒီအချိန်ကျရင် ငါ့မှာ လုံလောက်တဲ့ဝင်ငွေ ရှိလောက်ပြီ။ ဒါမှ ငါ,စစ်တပ်ကထွက်ရင် မပူမပင်မကြောင့်မကျနေရမှာ။''
-------- --------- -------- ------- ----------
အိမ်ပြန်ရောက်တဲ့အခါ...
ဟန်ဆန်းက လင်ဘီဖန်းကို ဖုန်းဆက်ပြီး သူ့ဆီကို ဇက်စတီးမြားတွေ ပို့ခိုင်းလိုက်ပါတယ်။ ရွံ့နက်အိုင်ကို ဟန်ဆန်း သွားချင်နေပါပြီ။ ဖြစ်နိုင်ရင် မနက်ဖြန်တောင် သွားချင်ပါတယ်။ ဘာပဲပြောပြော အမှတ်တိုးရေး, အတွင်းအားတိုးရေး, သားရဲဝိဉာဉ်ရရေးဟာ သူ့အတွက် အရေးအကြီးဆုံး မဟုတ်ပါလား။
-------- --------- -------- ------- ----------
ယန်းမန်လီ ပြောတဲ့အချက်ဟာ ဟန်ဆန်း အတွက် ကွက်တိမှန်နေပါတယ်။ သူမပြောတာက အခု သူပိုင်ထားတဲ့သားရဲဝိဉာဉ်တွေဟာ သူ့ကို အထူးချွန်ဆုံးလေးသမား ဖြစ်အောင် ပံ့ပိုးပေးနိုင်တယ်တဲ့။ ဟုတ်ပါတယ်။ အခုအချိန်မှာ သူ့မှာ မရှိတာက သားရဲဝိဉာဉ်မြားပါ။ မရှိမဖြစ် လိုအပ်နေတာကလည်း သားရဲဝိဉာဉ်မြားပါ။
-------- --------- -------- ------- ----------
"ဆန်း..., ငါ့မှာ ဇက်စတီး ၅ ရာခိုင်နှုန်းပါတဲ့ စနိုက်ပါမြားဆယ်ချောင်း ရှိတယ်။ အဲ့မြားတွေ မင်း ယူလိုက်။''

လင်ဘီဖန်းက စနိုက်ပါမြားဆယ်ချောင်းထည့်ထားတဲ့သေတ္တာကို ဟန်ဆန်း ရှေ့မှာ ချထားလိုက်ပါတယ်။

"ငါ နှစ်ချောင်းပဲယူမယ်။ ပြန်ကောက်လို့ရရင် မင်းကို ပြန်ပေးမယ်။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now