141 - 145

270 25 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၁၄၁)
-------- --------- -------- ------- ----------
"ဒီလူလိမ် အနက်ရောင်သိမ်းငှက်ကို ဝင်ခွင့်ရမယ်လို့ ငါ မထင်မိဘူး...။ သူတက်ခဲ့ကျောင်းကလည်း အဆင့်ရှိပုံမပေါ်ဘူး...။ ဒါကြောင့် အောက်တန်းကျနေတာ...။''

ဂျီရန်လန်ဟာ လမ်းလျှောက်ရင်း စဉ်းစားသွားပါတယ်။ သူမဟာ ဟန်ဆန်းနဲ့ ငါ့ရည်းစားလေးဂျီရန်လန်ကို ဆက်စပ်လို့မရပါ။

ဟန်ဆန်းဟာ လူလိမ်တယောက်သာ ဖြစ်တယ်။ ဘယ်ပညာမှာမှ ကျွမ်းကျင်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ မကြာမီ... သူမနောက်က ဟန်ဆန်းလိုက်လာတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် သူမက နောက်လှည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်ပါတယ်။

"ရှင် ဘာလိုချင်လို့လဲ...။''

"ငါက ငါ့အခန်းကို ပြန်လာတာ...။ မင်းနောက်ကို လိုက်နေတယ်လို့ ထင်နေတာလား...။''

ဟန်ဆန်းက ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ပါတယ်။

"ရှင်က ဘယ်ဌာနကလဲ...။ ရှင့်အခန်းကကော ဘယ်မှာလဲ...။''

ဂျီရန်လန်ဟာ ဟန်ဆန်းဘယ်လိုပြောပြော မယုံပါ။

"လေးဌာန...။ တိုက်နံပါတ် င-၁၀...။ အခန်းနံပါတ် ၃၀၄...။''

ဟန်ဆန်းက သူမကို ပြုံးပြလိုက်ပါတယ်။

ဂျီရန်လန် ခဏတန့်လိုက်ပါတယ်။ ဟန်ဆန်းရဲ့အိပ်ဆောင်ဟာလည်း ဒီလမ်းအတိုင်း သွားရပါတယ်။ ဟန်ဆန်းနေတဲ့အဆောက်အအုံက သူမနေတဲ့အဆောက်အအုံရဲ့ ညာဘက်နောက်နားလေးမှာပါ။

"လေးဌာနကကိုး...။ ဒီလိုဆိုတော့လည်း အနက်ရောင်သိမ်းငှက်ကို ရှင်ဝင်ခွင့်ရတာ မဆန်းပါဘူး...။ ဂိမ်းကစားတော့လည်း လိမ်ပြီးကစားတယ်...။ ဝင်ခွင့်ဖြေတော့လည်း လိမ်ပြီးဖြေတယ်...။ လေးစားပါတယ်...။ လေးစားပါတယ်...။''

ဂျီရန်လန်က ရွဲ့ပြီး ပြောလိုက်ပါတယ်။

"မင်းက မင်းရည်းစားကို ဒီလိုပဲ ဆက်ဆံရလား...။''

ဟန်ဆန်းက စလိုက်ပါတယ်။

"ရှင့်လိုလူလိမ်ကများ...။ ကျမကိုနိုင်မှ ဒီစကားမျိုးပြောပါ...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now