96 - 100

329 35 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၉၆)
-------- --------- -------- ------- ----------
ဟန်ဆန်းရဲ့လက်တွေဟာ အရူးတယောက်ရဲ့လက်တွေလိုမျိုး ကိုးရိုးကားရား ဗုံတီးနေတာကို ကွင်ရှန်မြင်ရတဲ့အခါ အသက်ရှူ ရပ်လုမတတ် ဖြစ်သွားပါတယ်။ မွန်းကျပ်သလိုလည်း ခံစားလိုက်ရပါတယ်။

ကြည့်နေစဉ်မှာ
ဟန်ဆန်းဟာ အဆင့်သုံးရဲ့တဝက်ကို ရောက်သွားပါပြီ။ အခုထက်ထိ ဟန်ဆန်းဟာ ဘာအမှားမှ မလုပ်သေးပါ။ သူ့လက်တွေဟာ လျှပ်စီးလက်သလို မြန်ဆန်လွန်းပါတယ်။ ဗုံသံတွေဟာလည်း စည်းချက်ကျကျ ထွက်ပေါ်နေပါတယ်။ တခါတရံ မှာ ဟန်ဆန်း ဗုံကို ဘယ်လိုရိုက်သွားတယ်ဆိုတာ သူမ မမြင်လိုက်ပါ။

ဟန်ဆန်းဟာ ဘုရားပေးတဲ့လက်ဂိမ်းကို မအောင်သေးပေမဲ့ ကွင်ရှမ်ကတော့ အောင်မယ်လို့ ယုံကြည်လိုက်ပါတယ်။ သူမအမြင်ရတော့ ဟန်ဆန်းဟာ ကံမကောင်းသေးပါ။ ဒါပေမဲ့ အမှားအယွင်းမရှိဘဲ ပုံမှန်ဆက်တီးနေပါတယ်။

"အဆင့်သုံး... ဒါ... အဆင့်သုံး...!''

ကွင်ရှန်ဟာ ကျေနပ်အားရသွားပါတယ်။

သူမဟာ ဟန်ဆန်းကို ရှာဖွေတွေ့ရှိခဲ့သူပါ။ ဟန်ဆန်းမှာ ဒီလိုအစွမ်းရှိတာက ဟန်ဆန်းကို သူမအဖွဲ့ထဲ ဝင်ခိုင်းဖို့ ပိုမိုခိုင်မာသွားစေပါတယ်။ သူထုတ်ပြနေတဲ့အစွမ်းတွေက သူမရဲ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်းကို သက်သေပြနေပါတယ်။

ဘုရားပေးတဲ့လက်ဂိမ်းကို အဆင့်သုံးအထိ အောင်ထားတဲ့လူတယောက်ဟာ ဝါးဖရိမ်မောင်း,သင်တဲ့အခါ တတ်ဖို့အခွင့်အလမ်း ကျန်တဲ့လူတွေထက် ပိုများပါတယ်။

"ဒီအရည်အချင်းနဲ့ဆို လေးသမား (သို့မဟုတ်) စနိုက်ပါ လုပ်သင့်တယ်။''

ကွင်ရှန်ဟာ ဟန်ဆန်းကို ဘာလုပ်ခိုင်းရင် ကောင်းမလဲ, စဉ်းစားရင်း တွေဝေသွားပါတယ်။ အမှောင်ထဲမှာ စနိုက်ပါတယောက် လုပ်တာထက်စာရင် မျက်နှာချင်းဆိုင်တိုက်ပွဲမှာ ဝါးဖရိမ်မောင်းသူ လုပ်တာက,ပိုကောင်းပါတယ်။

သူမ,သတိထားမိသလောက် ဟန်ဆန်းရဲ့စရိုက်ကို စဉ်းစားကြည့်ပြန်တော့ ကွင်ရှန်ဟာ သူမရဲ့စိတ်ကူးကို စွန့်လွတ်လိုက်ပါတယ်။ သူ့ရဲ့စရိုက်က အနီးကပ်တိုက်ပွဲနဲ့ မကိုက်ဘူးလေ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now