836 - 840

207 20 0
                                    

Super God Gene (836)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၃၆)
-------- --------- -------- ------- --------
ဟန်ဆန်းနဲ့ ဂျီချင်ဟာ စားပွဲတလုံးမှာ မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။ လူအတော်များများဟာ သူမကို နှုတ်ဆက်ဖို့ ရောက်လာကြတယ်။ အဲ့ဒါက အဲ့ဒီနေရာမှာရှိတဲ့ လူတွေနဲ့ သူမရဲ့ ကြားက အကျွမ်းတဝင်ရှိမှုနဲ့ သူမရဲ့ လူသိများမှုကို ဖော်ပြနေတယ်။

ဟန်ဆန်းက ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ တိုက်ပွဲစင်မြင့်တခုကို မြင်လိုက်ရပြီး အဲ့ဒီစင်မြင့်ပေါ်မှာ လူနှစ်ယောက်ဟာ ဖြူ မည်းလက်ဝှေ့ ထိုးနေကြတယ်။

ဂျီချင်ဟာ ဖြူ မည်းလက်ဝှေ့ အတော်ကျွမ်းပုံပေါ်တယ်။ တကယ်တော့ ဖြူမည်းလက်ဝှေ့ဆိုတာ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို လေ့ကျင့်ပေးတဲ့ ပညာတခုဖြစ်ပြီး ခွန်အားတခုတည်းနဲ့ အနိုင်မရနိုင်တဲ့ ပညာတခုလဲ ဖြစ်ပါတယ်။

ဒီကစားနည်းမှာ အနိုင်ရချင်ရင် စိတ်ဓာတ်ခိုင်မာဖို့ လိုပါတယ်။ စိတ်ဓာတ်မခိုင်မာရင် ကျည်ကုန်သွားတဲ့ သေနတ်လို ဖြစ်သွားပါလိမ့်မယ်။

ဂျီချင်ဟာ ဖြူ မည်းလက်ဝှေ့ ကျွမ်းတဲ့အတွက် ဟန်ဆန်းကို စမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေရာကို လာခဲ့တယ်။
-------- --------- -------- ------- --------
'' ဟာ... ချင်ညီမလေးပါလား၊ မတွေ့တာတောင် အတော် ကြာပြီ၊ အဲ... ဒီတယောက်က ဘဲအသစ်လား၊ သွက်လှချည်လားဟ ''

ရှိုးအပြည့်နဲ့ လူငယ်တယောက်ဟာ သူတို့အနီးကို ချဉ်းကပ်လာပြီး ထိုင်ခုံတခုံမှာ အလျင်အမြန် ဝင်ထိုင်ကာ သူမကို ရင်းရင်းနှီးနှီး မေးမြန်းလိုက်တယ်။ သူဟာ ဂျီချင်နဲ့ အတော်လေး ရင်းနှီးပုံပေါ်တယ်။

'' ထူဖမ်း... အရမ်း စွတ်မပြောနဲ့၊ အဲ့ဒါ ငါ့ခဲအို ဟန်ဆန်းဟဲ့၊ နင် သူ့အကြောင်း ကြားဖူးတယ်မလား၊ သူက တော်ဝင်ခြူ ရာ ယိချယ်လန်ကို အနိုင်ယူခဲ့တယ်လေ ''

ဂျီချင်က အဲ့ဒီစကားတွေကို ပြောဆိုတဲ့အခါ လေးနက်မှုတွေကို သယ်ဆောင်ထားပေမဲ့ သူမမျက်လုံးတွေက သူမကို သစ္စာဖောက်နေပါတယ်။

ထူဖမ်းဟာ ဘဏ္ဍာရေးဌာနတခုက အကြီးအကဲတယောက်ရဲ့ သားဖြစ်ပြီး သူ့စတိုင်က ဂိုဏ်းစတားတယောက်နဲ့ တူပါတယ်။ သူဟာ ဖြူ မည်းလက်ဝှေ့မှာ အတော် ကျော်ကြားပေမဲ့ ဂျီချင်ကိုတော့ မမီပါဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now