111 - 115

261 29 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၁၁၁)
-------- --------- -------- ------- ----------
ခြသေ့င်္နဲ့တူတဲ့သားရဲတကောင်ကို...
မြင်လိုက်ရပါတယ်။ အဲ့ဒီသားရဲနောက်က ပြေးလိုက်လာကြတဲ့ လူငယ်တွေကို ထပ်မံတွေ့မြင်လိုက်ရတာကြောင့် မိုးနတ်မင်းက သူ့ကိုပစ်မထားဘူးလို့ ဟန်ဆန်းခံစားမိပါတယ်။

ဟန်ဆန်းဟာ သူ့ရဲ့သားရဲဝိဉာဉ်တွေကို ရုပ်သိမ်းလိုက်ပါတယ်။ ဓားမြှောင်ကိုလည်း အင်္ကျီလက်အိတ်ထဲကို ပြန်ထည့်လိုက်ပါတယ်။ ပြီးနောက် လူငယ်တွေဆီကိုဦးတည်ပြီး ဖြည်းဖြည်းလေးလမ်းလျှောက်သွားလိုက်ပါတယ်။ သူ,လူငယ်တွေဆီကို ရောက်သွားတဲ့အခါ လူငယ်တွေဟာ သားရဲကို သတ်ပြီးသွားကြပါပြီ။ သူက လူငယ်တယောက်ကို မေးလိုက်ပါတယ်။

"သူငယ်ချင်း..., အခုရောက်နေတာ ဘယ်နေရာလဲ...။''

သားရဲကိုအောင်မြင်စွာသတ်လိုက်နိုင်လို့ ဝမ်းသာကြည်နူးနေတဲ့လူငယ်တွေဟာ ဟန်ဆန်းရဲ့အသံကြောင့် လန့်ဖျပ်သွားကြပါတယ်။ သူတို့ဟာ လက်နက်တွေကိုင်ပြီး ဟန်ဆန်းရှိရာဘက်သို့ လှည့်လိုက်ကြပါတယ်။ ခန္ဓာကိုယ်မှ သွေးတွေတစက်စက် စီးကျနေတဲ့, စုတ်ပြတ်သတ်နေတဲ့ ဟန်ဆန်းကို မြင်လိုက်ရတော့မှ သူတို့ဟာ စိတ်သက်သာရာရသွားပါတယ်။

"မင်းက ဒီမှာတယောက်တည်း ဘာလုပ်နေတာလဲ...။''

သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ လူငယ်တယောက်က မေးလိုက်ပါတယ်။ သူက ဟန်ဆန်းကို သံသယမျက်လုံးများနဲ့ စိုက်ကြည့်လိုက်ပါတယ်။

"ငါက သူငယ်ချင်းတွေနဲ့ အမဲလိုက်ထွက်လာတာ။ ကံကောင်းလား။ ကံဆိုးလား။ ငါ မပြောတတ်တော့ဘူး။ ပျံနိုင်တဲ့ထွတ်မြတ်သွေးသားရဲတကောင်နဲ့ ငါတို့ တည့်တည့်တိုးပြီးထွက်ပြေးခဲ့ရတယ်။ အဲ့ဒီမှာ ငါတို့လူစုကွဲသွားတယ်။ ငါက ကံကောင်းလို့ အသက်ရှင်ခဲ့တယ်။''

ဟန်ဆန်းက အမှန်တဝက် ပြောလိုက်ပါတယ်။

"ထွတ်မြတ်သွေးသားရဲတကောင်...။ ဘယ်နေရာမှာလဲ...။''

လူငယ်တွေဟာ တုန်လှုပ်ချောက်ချားသွားကြတယ်။

"အခု ငါ မသိဘူး... ။ အဲ့ဒီငှက်ကြီးလက်ကလွတ်ဖို့ ငါ မြစ်ထဲခုန်ချခဲ့ရတယ်။ အရှိန်ပြင်းတဲ့ရေစီးက ငါ့ကို ဒီနေရာ ခေါ်လာတယ်။ မင်းတို့ အဲ့ဒီငှက်ကြီးကို အမဲလိုက်ချင်ရင် မြစ်ကြောင်းအတိုင်း ဆန်တက်ပြီး ကံစမ်းကြည့်ပေါ့။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now