181 - 185

275 29 0
                                    


အခန်း (၁၈၁)
-------- --------- -------- ------- --------
"လီလီ..., မြန်မြန်လာ...။ SKTS အရောင်းပြပွဲစတော့မယ်...။ အမြန်မသွားရင် မမှီတော့ဘူး...။''

အတန်းပြီးနောက်...
ဂျီရန်လန်နဲ့ ကူလီလီဟာ ကျောင်းဝင်းကို အပြေးတပိုင်းဖြတ်ကူးလိုက်ကြပါတယ်။

သူတို့နှစ်ယောက်...
အဆောင်ပြန်ရောက်တော့...
ဟောဟဲလိုက်နေပါပြီ။

ရောက်ရောက်ချင်း...
ဂျီရန်လန်က ဖုန်းကိုတန်းဖွင့်ကာ SKTS ရောင်းပြီလား..., မရောင်းသေးလား..., ဆိုတာ... စောင့်ကြည့်လိုက်ပါတယ်။

ဂျီရန်လန်လုပ်သမျှကို...
ကူလီလီက ဘေးကနေလိုက်ကြည့်နေပါတယ်။

ဂျီရန်လန်က...
သက်ပြင်းချပြီး ပြောလိုက်ပါတယ်။

"ကံကောင်းလို့... အချိန်မီလေးပဲ...။''

"နင်... ရူးနေလား..., ရန်လန်...။ နင်က အခုအချိန်ထိ ဘဲတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ...။ နင့်ကို ကြိုက်တဲ့ဘဲတွေ အများကြီးပဲ...။ နင်က အဲ့ဘဲတွေကို စောင်းလို့တောင်မကြည့်ခဲ့ဘူး...။ အခုတော့... နင်က ဟန်ဆန်းရဲ့ပေါင်ကြားမှာ ကျဆုံးသွားပြီလား...။''

ကူလီလီက ဂျီရန်လန်ပျာယာခတ်နေတာကိုကြည့်ပြီး အမြင်ကပ်ကပ်နဲ့ ပြောချလိုက်ပါတယ်။

ဂျီရန်လန်ဟာ ရုတ်တရက် ရှက်သွားပါတယ်။

"ငါ သူ့ကိုရှာနေတယ်လို့ ဘယ်သူကပြောလဲ...။ ငါက SKTSရဲ့ဒေတာတွေကို သိချင်လို့ကြည့်နေတာ...။ SKTS က ခေတ်ပြောင်းထုတ်ကုန်လေ...။''

"ဟဟပဲရမယ်..., ခေတ်ပြောင်းထုတ်ကုန်...,ဟုတ်လား..., ဒါဆို... နင်က ပြိုင်ပွဲဝင်မယ့်လူတွေကို ဘာလို့ကြည့်နေလဲ...။''

ကူလီလီက မေးလိုက်ပါတယ်။

ဂျီရန်လန်က ကပ်ဖဲခံပြီး စကားဆက်ပြောလိုက်ပါတယ်။

"သူက သူ့ဆုကို ငါ့ပေးမယ်လို့ ကတိပေးထားပါတယ်။ အဲ့ဒါကြောင့် ကြည့်နေတာ...။ မဟုတ်ရင် သူ့လိုကောင်မျိုးကို ကြည့်ဖို့မပြောနဲ့...''

"တော်တော့..., ဆက်မပြောနဲ့တော့...။ နင်တို့မိသားစုရဲ့ ဝါးဖရိမ်စုဆောင်းမှုအကြောင်း ငါအကုန်သိပြီးသား...။ နင်တို့အိမ်မှာ သမင်နက်တိုက်ပွဲက သမိုင်းဝင်ဝါးဖရိမ်တွေတောင်ရှိတယ်...။ နင်... ဒီဝါးဖရိမ်ကို အရေးစိုက်တယ်လို့ ငါ့ကိုယုံစေချင်တာလား...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now