706 - 710

208 19 0
                                    

Super God Gene (706)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၀၆)
-------- --------- -------- ------- --------
မနေ့က လူအနည်းငယ်သာရှိခဲ့တဲ့ မိုးလုံလေလုံအားကစားကွင်းကြီးတွေမှာ ဒီနေ့တော့ လူအပြည့်ပါ။ လူတွေဟာ ဟိုကြိုးဝိုင်း၊ ဒီကြိုးဝိုင်း၊ ဘယ်ကြိုးဝိုင်းမှာ ဒေါ်လာပုံရိပ်ပေါ်လာမလဲ၊ လိုက်ကြည့်နေကြတယ်။

"ဟေ့...၊ ဟိုမှာ...၊ ဒေါ်လာ... ဒေါ်လာ...။''

ကြိုးဝိုင်းတခုမှာ ခရမ်းရောင်ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ လူတယောက်ပေါ်လာတယ်။ အဲ့ဒီလူပေါ်လာတာနဲ့၊ လူအုပ်ကြီးဟာ ''ဒေါ်လာ'' ''ဒေါ်လာ''လို့ တခဲနက် အော်လိုက်ကြတယ်။
-------- --------- -------- ------- --------
"ဘာဖြစ်လို့ ခရမ်းရောင်ဝတ်ထားတာလဲ...။ ဒေါ်လာက ရွှေရောင်ပဲဝတ်နေကျလေ...။ ချပ်ဝတ်တန်ဆာအသစ်လဲလိုက်တာလား...။''

"သူလဲ တချိန်လုံး ရွှေချည်းပဲ ဘယ်ဝတ်ချင်မလဲ...။''
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ကြိုးဝိုင်းထဲကို ရောက်ရှိလာတယ်။ သူဟာ ပြိုင်ဘက်တွေကို မလေ့လာခဲ့သလို နှုတ်ထွက်လမ်းညွှန်ကိုလည်း ဖတ်မထားပါ။ သူဟာ ကြိုးဝိုင်းထဲရောက်တာနဲ့၊ ပြိုင်ဘက်ရဲ့ အသက်အားကို ဖတ်ပြီး ပြိုင်ဘက်ရဲ့ သန်မာမှုကို တွက်ချက်ပါတယ်။ သူဟာ ပုရွက်ဆိတ်ဘုရင်ရဲ့ ချပ်ဝတ်တန်ဆာကို အားကိုးတယ်။ ချပ်ဝတ်တန်ဆာဟာ သူ့ကို လုံခြုံမှုပေးနိုင်မယ်လို့ ယုံကြည်တယ်။

ဟန်ဆန်းဟာ ကြိုးဝိုင်းထဲရောက်လာတဲ့ ပြိုင်ဘက်ကို ကြည့်လိုက်တယ်။ ပြိုင်ဘက်ဟာ ဝိညာဉ်ပါ။ ဝိညာဉ်ဟာ ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ထားပြီး ငွေရောင်ဓားရှည်တလက်ကို ကိုင်ထားတယ်။ သူ့မှာ ယုန်နဲ့တူတဲ့ နားရွက်တွေရှိတယ်။ မျက်လုံးက တလုံးပဲရှိတယ်။ အဲ့ဒီတလုံးတည်းသော မျက်လုံးက နဖူးမှာ ရှိပါတယ်။ အဲ့ဒါတွေကလွဲရင် သူဟာ လူနဲ့တူပါတယ်။
-------- --------- -------- ------- --------
ဒေါ်လာရဲ့ ပရိသတ်တွေကတော့ ဒေါ်လာရဲ့ ပွဲစဉ်ဇယားကို ဖတ်ပြီးသားမို့ ဒေါ်လာရဲ့ ပြိုင်ဘက်တွေကို ကြိုသိနေပါတယ်။ ဒေါ်လာရဲ့ပြိုင်ဘက် ဝိညာဉ်ရဲ့နာမည်က ငွေမျက်လုံးမင်းသားပါ။ သူဟာ အလွန့်အလွန်မြန်တဲ့ တော်ဝင်ဝိညာဉ်ပါ။ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေအရ ဒေါ်လာဟာ အလင်းနတ်၏သားတော်နဲ့တွေ့ချင်ရင် အင်အားကြီးပြိုင်ဘက်တချို့ကို ကျော်ဖြတ်ရပါမယ်။ ငွေမျက်လုံးမင်းသားဟာ အဲ့ဒီအထဲက တယောက်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now