116 - 120

285 26 1
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၁၁၆)
-------- --------- -------- ------- ----------
"ညီမ..., ငါ နိုင်ပြီ..., ဘယ်လိုလဲ...။''

ဟန်ဆန်းက ခပ်ပြုံးပြုံးလုပ်ပြီး ဂျီရန်လန်ဆီ လမ်းလျှောက်သွားလိုက်ပါတယ်။ စစ်တက္ကသိုလ်ဝင်ခွင့်မရခင် ဒီလောက်ချော, ဒီလောက်လှတဲ့ မိန်ကလေးကို ရလိုက်တာဟာ သူ့အတွက် ဂုဏ်ယူဖွယ်ရာတခုပါ။

"ရှင်က သူခိုးဗားရှင်းသုံးပြီးဆော့တာ..., ဒါကို ထည့်တွက်လို့မရဘူး...။''

ဂျီရန်လန်က ဒေါသတကြီး ပြောလိုက်ပါတယ်။

"သူခိုးဗားရှင်း..., ဟုတ်လား...''

ဟန်ဆန်းဟာ အနည်းငယ်အံ့အားသင့်သွားပါတယ်။

"ဟန်ဆောင်နေတာ ရပ်လိုက်စမ်း...။ ကျမရမယ့် အမှတ်အားလုံးကို အခိုးခံရတယ်။ လိမ်ဆင်ကြီးဆိုတာ အသိသာကြီး..။ ရှင် သူခိုးဗားရှင်းသုံးလို့ ဒီလိုအမှတ်မျိုး ရတာ...။ အရှင်းကြီးပဲ...။''

ဂျီရန်လန်က နှုတ်ခမ်းစူပြီး ပြောလိုက်ပါတယ်။ သူမပုံစံက သုမပြောတာ အမှန်ပဲလို့ ခံယူထားတဲ့ပုံပါ။

"ရှင် အရှက်မရှိတာကို ကျမ အစအဆုံး မြင်ပြီးပြီ...။ ရှင် ငြင်းဖို့မကြိုးစားနဲ့...။''

"သူခိုးဗားရှင်းဆိုတာဘာလဲ...။ ငါ,တကယ်မသိဘူး...။''

ဟန်ဆန်းက သူ့လက်တွေကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။

"ရှင်... လိမ်ထားဦးပေါ့...။''

ဟန်ဆန်း,ညာနေတယ်လို့ပဲ ဂျီရန်လန်က ထင်နေပါတယ်။

"မင်း မယုံရင်... နောက်တပွဲ ကစားကြတာပေါ့... ။''

ဟန်ဆန်းက ပြောလိုက်ပါတယ်။

"ရှင့်မှာ သူခိုးဗားရှင်း ရှိနေတယ်ဆိုတော့ ဘယ်နှကြိမ် ကစား,ကစား ဒီအဖြေပဲ ထွက်မှာပဲ...။''

ဂျီရန်လန်က သူမနှုတ်ခမ်းကိုတွန့်ပြီး အထင်သေးဟန်နဲ့ ပြောလိုက်ပါတယ်။

ဟန်ဆန်းဟာ အသလွတ်ကြီး အပြောခံလိုက်ရလို့ စိတ်လေသွားပါတယ်။ ခဏနေမှ ပြောလိုက်ပါတယ်။

"ရော့... ဒီမှာ... ငါ့ဖုန်း...။ ငါ သူခိုးဗားရှင်း ထည့်ထားလား, မထည့်ထားဘူးလား...။ မင်းကိုယ်တိုင်စစ်ကြည့်လိုက်...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now