781 - 785

210 22 0
                                    

Super God Gene (781)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၈၁)
-------- --------- -------- ------- --------
ပျားဘုရင်ဟာ ပျားသလက်တွေ အခိုးခံနေရတာကို ကြည့်ရင်း ဒေါသတွေ ထိန်းမနိုင် သိမ်းမရ ထွက်လာတယ်။ သူဟာ အစိမ်းရောင်ယင်ကောင်အုပ်ကြီးထဲကို ရွှေရောင်အလင်းတန်းတခုလို ပျံသန်းသွားတယ်။ အဲ့ဒီနောက်မှာတော့ ရွှေရောင်အလင်းတန်းဟာ ကောင်းကင်ပေါ်မှာ အကြိမ်ပေါင်းများစွာ ပျံသန်းနေတာကို တွေ့ရတယ်။ တကြိမ်ပျံသန်းပြီးတိုင်း ယင်ကောင်သေတွေဟာ မြက်ခင်းပေါ်ကို တဖြုတ်ဖြုတ် ကြွေကျနေတယ်။

ပျားဘုရင်ရဲ့ သတ်ဖြတ်ခြင်း စွမ်းအားဟာ အလွန်ကြီးမားတယ်။ ဒါပေမဲ့ ပျားဘုရင်ဟာ ယင်ကောင်တွေကို ကြောက်အောင်လဲ မလုပ်နိုင်ခဲ့သလို ရပ်တန့်အောင်လဲ မလုပ်နိုင်ခဲ့ဘူး။ ကြောက်ရွံ့ခြင်းကင်းတဲ့ ယင်ကောင်တွေဟာ ပျားသလက်တွေကိုပဲ အသက်နဲ့ ရင်းပြီး ယူနေကြတယ်။

ပျားသလက်သူခိုး ယင်ကောင်တွေဟာ ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားဘုရင်ဟာ ပျားသလက်ခိုးတဲ့ ယင်ကောင်တိုင်းကို မသတ်နိုင်လို့ပါ။ ဒါကြောင့်လဲ ရလဒ်အနေနဲ့ ပျားသလက်များစွာဟာ အဝေးကို သယ်ဆောင်ခြင်းခံနေရတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ယင်ကောင်တွေကို စိတ်ဝင်စားသွားတယ်။ အထူးသဖြင့် သူတို့ဟာ ပျားသလက်တွေကို ဘာလုပ်ပစ်လဲ၊ သူ သိချင်တယ်။ ဒါကြောင့် ပျားသလက်တခုကို သယ်သွားတဲ့ ယင်ကောင်တကောင်နောက်ကို နောက်ယောင်ခံပြီး လိုက်ခဲ့တယ်။ လမ်းမှာ အဲ့ဒီယင်ကောင်လိုပဲ ပန်းမြက်ခင်းပေါ်ကို ဖြတ်ပြီး ပျားသလက်တွေကို သယ်နေတဲ့ အခြားယင်ကောင်တွေကိုလဲ တွေ့ခဲ့ရတယ်။ အများစုက ထွတ်မြတ်သွေးယင်ကောင်တွေမို့ ဟန်ဆန်းဟာ သူတို့နောက်ကနေ အေးအေးသက်သာ လိုက်နိုင်ခဲ့တယ်။ 
-------- --------- -------- ------- --------
သူတို့နောက်ကို မိုင်နှစ်ဆယ်လောက် နောက်ယောင်ခံလိုက်ပြီးနောက် ပန်းမြက်ခင်းပြင်ကြီးရဲ့ အစွန်းနားကို ရောက်လာခဲ့တယ်။ ပန်းမြက်ခင်းကြီးရဲ့ အလွန်မှာတော့ စက်ဆုတ်ရွံရှာဖွယ်ရာ နွံအိုင်ကြီးတခုရှိနေတယ်။ အဲ့ဒီနွံအိုင်ကြီးဟာ နံစော်ပုပ်အဲ့နေတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now