371 - 375

223 20 0
                                    

Super God Gene (371)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၃၇၁)
-------- --------- -------- ------- --------
အဆောင်သို့
ပြန်ရောက်ပြီးနောက် ဟန်ဆန်းဟာ ဖင်ချင်ဆီကို ဖုန်းဆက်လိုက်တယ်။ သူမဟာ သုံးဖက်မြင်ပုံရိပ်ကြွအဖြစ် သူ့ရှေ့မှာ ဘွားခနဲ ပေါ်လာတယ်။

ဖင်ချင်ဟာ
အနက်ရောင်သိုင်းကြိုးနဲ့ ဂါဝန်ကို ဝတ်ထားတယ်။ ဂါဝန်ရဲ့ ရင်ဟိုက်နေရာမှ ဖြူ ဝင်းတဲ့ အတွင်းသားဟာ အထင်းသားပေါ်နေတယ်။ အဖြူ နဲ့အနက်ဆန့်ကျင်ဘက်ဟာ သူမရဲ့ ရင်အလှကို တခုတ်တရ ထုတ်ပြနေပါတယ်။

"အကိုဟန်...၊ ထူးထူးဆန်းဆန်းပါလား...။''

ဖင်ချင်က ပြုံးပြီး ပြောလိုက်တယ်။

"အဟမ်း...၊ မင်းက အရမ်း ဉာဏ်ကောင်းတာပဲ...။ အဲရင့်သိုင်းခန်းမရဲ့ အမွေဆက်ခံသူဖြစ်သင့်တယ်...။''

ဟန်ဆန်းက
ခြောက်ကပ်ကပ်ပြုံးရင်း ပြောလိုက်တယ်။ သူဟာ ဖင်ချင်ကို သူ့ဖက်က စတင်ပြီး ဘယ်တော့မှ မဆက်သွယ်ခဲ့ပါ။ အဲ့ဒါကြောင့် လိုမှဆက်သွယ်တယ်လို့ ဖင်ချင်ထင်သွားမှာ ကြောက်ပါတယ်။

"ကဲ...၊ ရှင်ဘာလိုချင်လဲပြော...။  မြှောက်မနေနဲ့...၊ ဆရာကြီး...။''

ဖင်ချင်က
သွားပေါ်အောင်ရယ်လိုက်တယ်။ ထိုအခိုက်အတန့်လေးအတွင်း သူမမျက်နှာမှာ ပန်းတပွင့်,ပွင့်သွားပါတယ်။

"အင်း...၊ ဒါဆိုလည်း ဒဲ့ပဲပြောတော့မယ်...။ စီးချင်းထိုးသူများရဲ့ အထူးတန်းအကြောင်း နည်းနည်းလောက် ပြောပြပါလား...။''

ဟန်ဆန်းက ပြောလိုက်တယ်။

ဝမ္ဒီက
ထွတ်မြတ်သွေးထပ်ဆင့်သားရဲဝိဉာဉ်အကြောင်းပြောပြတာကို နားထောင်ပြီးနောက် ဟန်ဆန်းဟာ အထူးတန်းကို ပိုလို့စိတ်ဝင်စားလာတယ်။ ဒါပေမဲ့ ဝမ်ဒီကိုတော့ ချက်ချင်းကြီး အဖြေမပေးခဲ့ပါ။
-------- --------- -------- ------- --------
မဟာမိတ်နဲ့
နတ်ဘုရားကမ္ဘာဟာ မတူညီပါ။ ပထမနတ်ဘုရားကမ္ဘာမှ ဟန်ဆန်းရင်ဆိုင်ဖူးတဲ့၊ သန်မာတဲ့ ပြိုင်ဘက်တွေဟာ လွတ်မြောက်သူတွေဖြစ်သွားကြပါပြီ။ အဲ့ဒါကြောင့် ပထမနတ်ဘုရားကမ္ဘာမှာ ဟန်ဆန်းကို ခြိမ်းခြောက်နိုင်သူ များများစားစား မရှိတော့ပါ။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now