866 - 870

217 20 0
                                    

Super God Gene (866)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၆၆)
-------- --------- -------- ------- --------
မိစ္ဆာသွေးရဲတိုက်ကို သိမ်းပိုက်ပြီးနောက် ဟန်ဆန်းက သူဟာ ဖြစ်သင့်တာထက် အစွမ်းပိုထက်သွားတယ်လို့ စတင်တွေးတောမိတယ်။ အခု သူ့မှာ တော်ဝင်အဆင့်ရဲတိုက်နှစ်တိုက်ရှိတယ်။ ဒါပေမဲ့ ဒီရဲတိုက်တွေအနီးအနားမှာ လူနေရဲတိုက်တွေမရှိဘဲ သားရဲတွေနေထိုင်တဲ့ ရဲတိုက်တွေပဲ ရှိတယ်။ အဓိပ္ပါယ်က ဒီရဲတိုက်နှစ်တိုက်မှာ လူတွေနေလို့ အဆင်မပြေနိုင်ဘူးလို့ ဆိုလိုတယ်။ ဒါက ဟန်ဆန်းကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။

ဟန်ဆန်းဟာ တော်ဝင်ရဲတိုက်နှစ်တိုက်ကို ပိုင်ဆိုင်ထားပေမဲ့ အဲ့ဒီရဲတိုက်နှစ်တိုက်ဆီက ဘာဝင်ငွေမှ မရနိုင်တာကို သဘောပေါက်ထားပါတယ်။

ဟန်ဆန်းမှာ လောလောဆယ် ငွေမလိုအပ်ပေမဲ့လဲ ချမ်းသာကြွယ်ဝမှုကို ပေးစွမ်းနိုင်ဖွယ်ရှိတဲ့ ဒီရဲတိုက်နှစ်တိုက်ဆီက ဘာဝင်ငွေမှ မရတာက သူ့လိုလောဘအိုးအတွက်တော့ အတော့်ကို ဆိုးရွားလှပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းက ဝမ်ယုံဟန်ကို သူဘယ်လိုခံစားနေရတဲ့အကြောင်း ပြောပြလိုက်တယ်။ ဟန်ဆန်းရဲ့ ညည်းညူ သံကို ကြားရတော့ ဝမ်ယုံဟန်က-

'' ဘာဖြစ်လို့ ဒီအကြောင်းကို ခေါင်းထဲထည့်ပြီး တွေးနေတာလဲ၊ အိန်ဂျယ်ဂျင်းဆေးရည်ပေါ်လာတာရဲ့ အကျိုးဆက်ကြောင့် လူသားတွေက တရိပ်ရိပ် တိုးတက်နေတယ်၊ မင်းက ဒီရဲတိုက်တွေရဲ့ လုံခြုံရေးကို တာဝန်ယူပြီး လာနေမဲ့လူတွေကို ကာကွယ်ပေးနိုင်ရင် ဒီရဲတိုက်နှစ်တိုက်က စွန့်ဦးတီထွင်စီးပွားရေးသမားတွေအတွက် အဖိုးတန်နေရာတွေ ဖြစ်လာလိမ့်မယ်၊ အထူးသဖြင့် ဒီအနီးတဝိုက်မှာ လှည့်လည်သွားလာနေတဲ့ သားရဲတွေက အဲ့ဒီလူတွေအတွက် ဆွဲဆောင်မှုတောင် ဖြစ်လာလိမ့်မယ်၊ ဒါဆိုရင် ဒီရဲတိုက်နှစ်တိုက်ရဲ့ တန်ဖိုးဟာ မြင့်တက်လာလိမ့်မယ်လို့ ငါ ပြောရဲတယ်၊ မင်းက ဒီရဲတိုက်နှစ်တိုက်ကို မရောင်းချင်ရင်တောင် ငှါးလို့ရတယ် ''

'' လေးငယ်ပြောတာ မှန်ပါတယ်၊ လောလောဆယ်တော့ ဒီရဲတိုက်နှစ်တိုက်ကို စောင့်ရှောက်ဖို့ ကျနော့်အတွက်တော့ မဲကြီးနဲ့မဲလေး ရှိရင် ဖြစ်တယ်၊ နောက်ပြီး ဒီအနီးတဝိုက်မှာ အခြားတော်ဝင်ရဲတိုက်တွေမရှိဘူး၊ ဒီတော့ ရဲတိုက်တွေရဲ့ လုံခြုံရေးက သူတို့နှစ်ကောင်နဲ့ဆို လုံလောက်တယ် ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now