941 - 945

217 20 0
                                    

Super God Gene (941)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၄၁)
-------- --------- -------- ------- --------
ဟန်ဆန်းရဲ့ရေမိုးကြိုးလက်သီးက အဖျက်စွမ်းအားမြင့်အလင်းတန်းတခုကို သယ်ဆောင်လာတယ်။ အလင်းက ဓာတ်မှန်ရိုက်ထားသလိုမျိုး အရိုးကို ဖောက်မြင်ရတဲ့အထိ တောက်ပတယ်။

ရေမိုးကြိုးလက်သီးဟာ သစ္စာမဲ့သူရဲကောင်းရဲ့ နောက်ကျောကို ထိုးခွဲသွားခဲ့တယ်။

'' ဘုံး ''

ရေမိုးကြိုးဓာတ်သဘာဝနဲ့ သစ္စာမဲ့သူရဲကောင်းရဲ့သွေးတို့ ထိမိတဲ့အခါ လျှပ်စစ်ဓာတ်အားတွေထွက်ပေါ်လာတယ်။ တဖျစ်ဖျစ်တရှဲရှဲမြည်သံတွေနဲ့ မိုးကြိုးပစ်သံတွေဟာ မီးရှူ းမီးပန်းတွေပစ်ဖောက်နေသလိုမျိုး ကျယ်သထက်ကျယ်ပြီး ပြင်းသထက်ပြင်းလာတယ်။

ဟန်ဆန်းဟာ စူပါဝိညာဉ်ဧကရာဇ်အသွင်ကို မသုံးဘဲ သစ္စာမဲ့သူရဲကောင်းရဲ့ ခန္ဓာကိုယ်ကို မုန့်မုန့်ညက်ညက်ကြေအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ရေမိုးကြိုးဓာတ်သဘာဝက သစ္စာမဲ့သူရဲကောင်းကို သွေးခဲပြီး လေဖြတ်အောင် လုပ်နိုင်ခဲ့တာကြောင့် သူရဲ့နောက်ဆက်တွဲလှုပ်ရှားမှုတွေကို တားမြစ်နိုင်ခဲ့တယ်။ ဒါဟာ သူတွက်ဆထားတဲ့အတိုင်း အစီအစဉ်တကျ ဖြစ်လာတာပါ။

ဟန်ဆန်းရဲ့ရေမိုးကြိုးလက်သီးကြောင့် သွေးနဂါးမြွေနဲ့ မိုးမန့်ဘုရင်မဟာ အသက်ရှူ နည်းနည်းချောင်သွားတယ်။ သူတို့ဟာ ဟန်ဆန်းရှာပေးတဲ့အချိန်ကို မဖြုန်းဘဲ လတ်တလော လှုပ်ရှားလို့မရ ဖြစ်နေတဲ့ သစ္စာမဲ့သူရဲကောင်းဆီကို ပြေးဝင်ပြီး တိုက်ခိုက်ခဲ့ကြတယ်။ 

အခု သစ္စာမဲ့သူရဲကောင်းဟာ ရှောင်ဖို့လောက်ပဲ တတ်နိုင်တော့တယ်။ သူ့အပေါ်ကျရောက်လာတဲ့ တိုက်ခိုက်မှုတွေက သူ့ကို နောက်ဆုတ်စေခဲ့တယ်။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ သစ္စာမဲ့သူရဲကောင်းဟာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ဟန်ဆန်းက ဒဂါင်္းပြားတွေနဲ့ပစ်တာကို ခံနေရတော့တယ်။ ဒဂါင်္းပြားတပြားဟာ တောင်တတောင်နဲ့ ညီတယ်။ တောင်ပေါင်းများစွာရဲ့ ဖိအားဟာ သူ့အပေါ်မှာ ကျရောက်လာပြီး သူ့အမြန်နှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now